ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်း ကျေးရွာကို ဆန်နှင့် ရိက္ခာ ပို့ပေးပါ (အမြန်ဆုံး စစ်ကြောင်းလာပေးပါ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်း ကျေးရွာကို ဆန်နှင့် ရိက္ခာ ပို့ပေးပါ (အမြန်ဆုံး စစ်ကြောင်းလာပေးပါ)


MNP ၊ မေ ၁၇

ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းကျေးရွာတွင် ဆန်၊ ဆီ စားနပ်ရိက္ခာပြတ်လပ်နေသည်မှာ ကြာမြင့်ပြီဖြစ်ပြီး ဆန်၊ ဆီ စားနပ်ရိက္ခာများ ပို့ဆောင်ပေးနိုင်ပါရန် ဆက်သွယ်ပြောဆိုသည်။

ယနေ့ နံနက် ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းရွာမှ ထပ်မံဆက်သွယ်လာပြီး "ငါ့တူရေ ရွာမှာ ဆန်လည်း ရှာမရဘူး။ ပဲစင်းငုံ ပြုတ်စားရတာ။ အခု က စားစရာကို မရှိဘူး။ တစ်ရွာလုံးငတ်။ ထန်းလျက်စားပြီး ရေသောက်နေရတဲ့သူကို တပုံကြီးဖြစ်နေပြီ။ စားနပ်ရိက္ခာက ထွက်ရှာလို့လည်း မရဘူး။ ကတ္တရာလမ်းပေါ်ရောက်တာနဲ့ မိုင်းတွေက ကွဲနေတာလေ။ စစ်ကြောင်း တစ်ရက်၊ နှစ်ရက်အတွင်းကို လာစေချင်တာ။" ဟု ပြောသည်။

ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းကျေးရွာ၏ ဘေးပတ်လည်ရွာများတွင် PDF များ အခြေချနေပြီး ဒီးဒုတ်ကွင်းရွာသားများကို ဈေးရောင်းချပေးသူများအား သတ်ပစ်မည်ဟု PDF များက ချောက်လှန့်ထားသဖြင့် ဈေးသည်များကလည်း ရောင်းချပေးခြင်း မရှိကြောင်း၊ စစ်ကြောင်းလာမှသာ စားနပ်ရိက္ခာ ပါလာသည့်အတွက် စစ်ကြောင်းလာသည်မှာလည်း ကြာမြင့်ပြီဖြစ်၍ စားနပ်ရိက္ခာပြတ်လပ်ပြီး ပဲစင်းငုံပြုတ်စားနေကြရကြောင်း ရွာခံများနှင့် နီးစပ်သူများက ဆက်သွယ်ပြောဆိုသည်။


#MyanmarNationalPost

No comments:

Post a Comment