NUG အကြမ်းဖက်အဖွဲ့ က သူခိုး ဓားပြ လူသတ်သမားများ မရှက်ကြသေးဘူးလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့ က သူခိုး ဓားပြ လူသတ်သမားများ မရှက်ကြသေးဘူးလား


တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ်လိုကြတဲ့ ပုဂ္ဂိုလ်တွေ၊ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို မဲလိမ်မဲခိုးပြီး မသမာသောနည်းလမ်းနဲ့ ရယူဖို့ ကြိုးစားရင်းက အာဏာလက်မဲ့ဖြစ်ခဲ့ကြရတယ်။ သူတို့တွေအနေနဲ့ တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ်လိုခြင်းက တိုင်းရင်းသားပြည်သူအကျိုးကို ရှေးရှုဆောင်ရွက်ဖို့ မဟုတ်ဘူး။ သူတို့ကို ပေးကမ်းထောက်ပံ့တဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေရဲ့ အလိုကျ မြန်မာပြည်ကို ကမောက်ကမဖြစ်အောင် ဖန်တီးဖို့ တိုင်းပြည်ရဲ့ အချုပ်အာဏာကို ပိုင်စိုးလိုခြင်းဖြစ်တယ်။


အရည်အချင်းမရှိ၊ ပြည်သူလူထုအပေါ် စေတနာမမှန်တဲ့အတွက်ကြောင့် အခုလို အာဏာလက်မဲ့ဖြစ်ပြီး လမ်းဘေးကနေ ထိုင်ဟောင်နေရတဲ့ ဘဝမျိုးတွေ ဖြစ်ကုန်ပါတယ်။ အာဏာရဲ့ အရသာကို သိသွားပြီဖြစ်တဲ့အတွက်ကြောင့် အာဏာလက်မဲ့ ဖြစ်သွားရချိန်ကစလို့ ယနေ့အချိန်အထိ သွေးရူးသွေးတန်းနဲ့ ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာ ရမ်းကားနေကြတာ အရှိန်မသေသေးပါဘူး။ 


သူခိုးက လူဟစ်ဆိုသလို မဲလိမ်မဲခိုးပြီး တိုင်းပြည်ရဲ့ အချုပ်အာဏာကို ရယူလိုတဲ့ သူတွေက သူတို့ရဲ့ မမှန်ကန်တဲ့ လုပ်ရပ်တွေကြောင့် တပ်မတော်က ဥပဒေအရ တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့တာကိုပဲ အာဏာလုယူပါတယ်လို့ ပြည်သူလူထုကို မှိုင်းတိုက်ပြီး အကြမ်းဖက်လမ်းစဉ်ကို ဖောင်ဆောင်ခဲ့ကြတယ်။ တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် CRPH, NUG အကြမ်းဖက်အဖွဲ့ကို ဦးဆောင်သူများက ပေါက်ကရ ပေါက်ပန်းစေ ရွှန်းရွှန်းဝေအောင် လုပ်ကြံဖန်တီးပြောဆိုပြီး သူတို့ရဲ့ လက်ကိုင်တုတ် PDF လူ့ငနွားလေးတွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို သတ်ဖြတ်လာခဲ့တာ ၅၀၀၀ ကျော်ခဲ့ပါပြီ။ NUG အကြမ်းဖက်အဖွဲ့က PDF ဆိုတာကို (ပြည်သူ့ကာကွယ်ရေးတပ်) လို့ ခေါင်းစဉ်တပ်ပြီး ဖွဲ့စည်းထားရာမှာ ပြည်သူကို ကာကွယ်နေသလား၊ အတိဒုက္ခရောက်အောင် လုပ်နေသလား ဆိုတာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၀၀၀ ကျော် ကို ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေက သက်သေပါပဲဗျာ။


NUG အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အရက်သမား ရည်မွန် ရဲ့ တပည့်များက ၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက် ၁၀:၃၀ နာရီတွင် သာကေတမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင် ကို ဓားပြတိုက် လုယက်မှု ကျူးလွန်ခဲ့ကြပါတယ်။ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်း ၃ ဦးတို့အား သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၄,၀၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ ခုနှင့် CCTV Control Box တို့အား ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့တဲ့ ဓားပြမှုကို သကဆိုင်ရာ တာဝန်ရှိသူများက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။


ဆက်စပ်တရားခံတွေ ဖော်ထုတ်ဖမ်းဆီးပြီး (၁၆-၅-၂၀၂၃) ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဖမ်းဆီးရမိ NUG အကြမ်းဖက်အဖွဲ့က အရက်သမား ရည်မွန်ရဲ့ တပည်များက ထွက်ဆိုဝန်ခံရာမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်)တွင် တရားခံပြေး ရည်မွန်သည် ရန်ကုန်မြို့အတွင်း အကြမ်းဖက် လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန် Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည် ၁၀၀ တောင့်၊ လက်ပစ်ဗုံး ၄ လုံးတို့အား ဖမ်းဆီးရန်ကျန်တရားခံ ဟိန်းမင်းထက်(ခ)လင်းနွေ ထံသို့ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ 


ဓားပြတိုက်မှု ကျူးလွန်ခဲ့သူတွေဟာ NUG အကြမ်းဖက်အဖွဲ့မှ အရက်သမား ရည်မွန်ရဲ့ လမ်းညွှန်ချက်နဲ့ DRPA အမည်ခံအကြမ်းဖက်အဖွဲ့ ကို ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(စတုတ္တပတ်)တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီးနှင့် ဖမ်းဆီးရန် ကျန်တရားခံ သူရိန်တို့သည် လှည်းကူးမြို့၊ မြို့ကြီးကုန်းရပ်ကွက်၊ ရွှေသရဖီလမ်းနေ အပြစ်မဲ့ပြည်သူ ဖိုးခွား အား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး နှင့် ဖမ်းဆီးရန်ကျန်တရားခံ သူရိန်တို့သည် လှည်းကူးမြို့၊ အောင်မင်္ဂလာ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း၊ DRPA အမည်ခံအကြမ်းဖက် အဖွဲ့အနေဖြင့် ဓားပြတိုက်လုယက်မှုများအား ကျူးလွန်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး မှ ဦးဆောင်၍ မင်းခန့်မောင်၊ ကျော်မင်းဝေ(ခ)ဝေကြီး၊ နိုင်ဦး(ခ)စွန်ရဲ၊ စကင်မရွန်းဇင်၊ ဇေယျာအေး(ခ)ဇေယျာ၊ ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့သည် လှည်းကူးမြို့နယ်၊ ကျောက္ကဒင်ကျေးရွာရှိ “လသာသာ” အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင်အား လက်နက်ဖြင့်ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၁၀၀ အား ဓားပြတိုက် လုယက်ခဲ့ကြောင်း၊ ဧပြီလ ၃ ရက်တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီးမှ ဦးဆောင်၍ မင်းခန့်မောင်၊ ကျော်မင်းဝေ(ခ)ဝေကြီး၊ နိုင်ဦး (ခ)စွန်ရဲ၊ စကင်မရွန်းဇင်၊ ဇေယျာအေး(ခ) ဇေယျာ၊ ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့သည် ကျောက်တံတားမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ လမ်း(၄၀)၊ အလယ်ဘလောက်ရှိ Kaung Lay Mobile ဖုန်းဆိုင်အား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၅၀ နှင့် I Phone ၁၀ လုံးတို့အား ဓားပြတိုက်လုယက်ခဲ့ကြောင်း ဖော်ထုတ် သိရှိခဲ့ရပါတယ်။


မေလ(ပထမပတ်)တွင် ရန်ကုန်မြို့ပေါ်ရှိ အမျိုးသမီးဝန်ထမ်းများသာ ခန့်အပ်ထားသည့် ရွှေဆိုင်များအား အဓိကပစ်မှတ်ထား၍ ဓားပြတိုက်လုယက်ရန် လိုက်လံရှာဖွေခဲ့ကြောင်း၊ သာကေတမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ဧရာဝဏ် လမ်းရှိ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်တွင် အမျိုးသမီးဝန်ထမ်း ၃ ဦးသာ ခန့်အပ်ထားကြောင်း တွေ့ရှိရသဖြင့် ဓားပြတိုက်လုယက်ရန်သတ်မှတ်၍ ဝင်လမ်းထွက်လမ်းများအား ကြိုတင်အခြေအနေကြည့်ခဲ့ပြီး မေလ ၁၃ ရက်တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီးမှ ဦးဆောင်၍ မင်းခန့်မောင်၊ ကျော်မင်းဝေ(ခ)ဝေကြီး၊ နိုင်ဦး(ခ)စွန်ရဲ၊ စကင်မရွန်းဇင်၊ ဇေယျာအေး(ခ)ဇေယျာ၊ ရဲရင့်ခိုင်စိုး(ခ) ခိုင်စိုး တို့သည် “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်သို့ သွားရောက်၍ ဆိုင်ပိုင်ရှင်နှင့်အမျိုးသမီးဝန်ထမ်း ၃ ဦးတို့အား သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ် သိန်း ၄,၀၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ ခုနှင့် CCTV Control Box တို့အား ဓားပြတိုက်လုယက်ယူဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရပါတယ်။


DRPA အမည်ခံအကြမ်းဖက်အဖွဲ့၏ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်အား ဓားပြတိုက် လုယက်ခဲ့သည့်ဖြစ်စဉ်တွင် တရားခံများမှ ရွှေထည်ပစ္စည်းများအား ဝေစုမခွဲမီ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အချိန်နှင့်တစ်ပြေးညီမဆုတ်မနစ် ကြိုးပမ်းဖော်ထုတ်မှုနှင့် တာဝန်သိပြည်သူများ၏ အချိန်နှင့်တစ်ပြေးညီ လျှို့ဝှက်သတင်းပေးပို့ပူးပေါင်းပါဝင် ခြင်းများကြောင့် ဓားပြတိုက်လုယက်သည့်ခေါင်းဆောင်နှင့် ရွှေထည်ပစ္စည်းများအား  ၄ နာရီအတွင်းဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက်လုယက်မှုဖြစ်စဉ်ပါ ကျန်တရားခံများနှင့် လက်နက်ခဲယမ်းများအား ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာတွေ မင်းတို့ပြောတော့ တော်လှန်ရေးဆို၊ ပြည်သူလူထုကို လက်နက်ပြခြိမ်းခြောက်ပြီး ဓားပြတိုက် လုယက် သတ်ဖြတ်နေတာ တော်လှန်ရေးလား။ အထက်ပါဖြစ်စဉ်မျိုး ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ဝေခံ PDF အကြမ်းဖက်သမားတွေ ကျူးလွန်ခဲ့တဲ့ ဓားပြတိုက် လုယက် သတ်ဖြတ်မှုတွေ မနည်းတော့ပါဘူး။ ပဲခူးမြို့က ဧရာဝတီဘဏ်ကို ဓားပြတိုက်ခဲ့တာလည်း NUG အကြမ်းဖက်အဖွဲ့ရဲ့ သြဇာခံ PDF အကြမ်းဖက်သမားတွေပါပဲ။ ရန်ကုန်မြို့ပေါ်မှာ ကမ္ဘာ့ရတနာဘဏ်ကို ဓားပြတိုက် လုယက်ခဲ့တာလည်း NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ဝေခံ သြဇာခံ PDF အကြမ်းဖက်သမားတွေပါပဲ။ ဓာတ်ဆီဆိုင်တွေကို အလစ်အငိုက်ချောင်းပြီး လက်နက်ပြ ဝင်ရောက် လုယက် ဖျက်ဆီးနေတာလည်း NUG အကြမ်းဖက်အဖွဲ့ရဲ့ သြဇာခံ PDF အကြမ်းဖက်သမားတွေပါပဲ။


တိုင်းပြည်မှာ သူတို့ဖန်တီးတဲ့ အကြမ်းဖက်ဘေးအန္တရာယ်ကို ရင်ဆိုင်နေရသလို သဘာဝဘေးအန္တရာယ်နဲ့လည်း ရင်ဆိုင်နေရတယ်။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေက သဘာဝဘေးအန္တရာယ်သင့် ပြည်သူတွေကို သူတို့ကပဲ ကူညီတော့မှာလိုလို ဖျာဝင်ခင်းသေးတယ်။ နီပိန်းတစ်ယောက်ကပဲ သဘာဝဘေးအန္တရာယ်သင့် ပြည်သူတွေအတွက် NUGမည်ကဲ့သို့ ဆောင်ရွက်နေပါသလဲဗျာ ဆိုတော့ "လုပ်ဆောင်ချက်တွေကို တောက်လျောက်ထုတ်ပြန်ပေးနေတာကြောင့် ပို့စ်တွေ ဝင်ဖတ်ပေးပါခင်ဗျာ အစီရင်ခံစာတွေလည်း ထုတ်ပြန်နေပါတယ်" ဆိုပဲ။ အော် - အစီရင်ခံစာတွေ ထိုင်ရေးနေရုံနဲ့ သဘာဝဘေးအန္တရာယ်သင့် ပြည်သူတွေအတွက် အကူအညီ ရမယ်တဲ့လားဗျာ။ ကလေးဆန်လိုက်တာ။ 


ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာနသာဖျက် NUG အကြမ်းဖက်အဖွဲ့ ကို မေးစရာ မေးခွန်းက တစ်ခုပဲ ရှိပါတော့တယ်။ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေအပေါ် လက်နက်နဲ့ ခြိမ်းခြောက် ဓားပြတိုက် လုယက် သတ်ဖြတ် လုပ်နေကြတာတွေကို မရှက်ကြသေးဘူးလားဗျာ။ ရဟန်းရှင်လူပြည်သူများအပေါ် နည်းမျိုးစုံနဲ့ ရက်စက်ယုတ်မာခဲ့တဲ့ ခင်ဗျားတို့ကပဲ သောက်ရှက်မရှိ စကားတွေ ပြောနေတာကို ကြည့်ပြီး ရှက်စရာကောင်းလွန်းလို့ပါ။  ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)