ရခိုင်ပြည်နယ်၊ အမ်းမြို အ.ထ.က (၁) ကျောင်းဝန်း၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေး အထက်တန်းကျောင်းတွဲဖက်ဖွင့်လှစ်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်၊ အမ်းမြို အ.ထ.က (၁) ကျောင်းဝန်း၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေး အထက်တန်းကျောင်းတွဲဖက်ဖွင့်လှစ်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ





MNP ၊ မေ ၁

  ရခိုင်ပြည်နယ်၊အမ်းခရိုင်၊အမ်းမြို့နယ် အ.ထ.က(၁)ကျောင်းဝန်းအတွင်းတွင်တွဲ ဖက် ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုး၊မွေး မြူ ရေးအထက်တန်းကျောင်း(အမ်း)၌ ဖွင့်လှစ်သင်ကြားပေးမည့် စက်မှု ဘာ သာရပ်များ၊ သင်ကြားမှုအစီအစဥ်များ၊ ထောက်ပံ့ပေးအပ်မည့်အစီအစဥ်များနှင့် GTHS အောင်မြင်သူများ အတွက် ဆက် လက်တက်ရောက်နိုင်မည့် အခွင့်အလမ်း များနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးပွဲကို မေလ (၁)ရက်နေ့ နေ့လယ်ပိုင်းတွင် အမ်းမြို့ ပညာရတနာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၏ လမ်းညွှန်ချက်အရ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်မှ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် စက်မှုနည်းပညာဘာသာရပ်များနှင့် ဖွင့်လှစ်သင်ကြားမည့် အစီအစဉ် များအား ရှင်းလင်းဆွေးနွေးပြီး စိုက်ပျိုးရေးဦးစီး ဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာ နမှ တာဝန်ရှိသူများက သက်ဆိုင်ရာ က ဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကာ တက်ရာက်လာသူများမှ သိရှိလိုသည်များကို ဆွေးနွေး မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။


    အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာ၀န်ရှိသူ များ၊ ခရိုင် မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ မြို့မိ မြို့ဖများ၊ ကျောင်းအုပ်ကြီး များနှင့်ဆ ရာ၊ ဆရာမများ၊ ကျောင်းကော်မတီ၀င်များ၊မိဘများနှင့်ကျောင်းသား/သူများ တက်ရောက်ခဲ့ ကြကြောင်း သိရှိရသည်။ 


     ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ဆရာရာမများ၊မိဘများကျောင်းသားကျောင်းသူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ အ.ထ.က(၁)ကျောင်း ဝန်းအတွင်း ၌အတွင်းဆောက်လုပ်ထားသည့် စက်မှု ၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း  ကျောင်းဆောင်သစ်အားသက် မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာနညွှန် ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်နှင့်တာ ဝန်ရှိသူများကလှည်လည်ကြည့်ရူခဲ့ကြကြောင်း သတင်းရ ရှိပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)