မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် နှင့် ပခုက္ကူမြို့နယ် ထိစပ်လျှက်ရှိသော ယောချောင်းအခြေစိုက် PDF အကြမ်းဖက်စခန်းများမှာ ယခုရက်ပိုင်း လှုပ်ရှားမှုများ စိပ်လာပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က မြို့သိမ်းတိုက်ပွဲဖော်ဆောင်ရန် နှင့် လက်နက်စက်ရုံတို့ကို တိုက်ပွဲဖော်ဆောင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သတင်းများ ကြားသိနေရပါသည်။ ဆိပ်ဖြူမြို့ရဲ့ 75% နှုန်း ကျေးရွာများတွင် PDF အကြမ်းဖက်သမားများ ဝင်ရောက်သောင်းကျန်းလျက် ရှိနေပါသည်။
ဆိပ်ဖြူမြိုနယ်ရဲ့အနောက်လိုင်း၊ မြောက်လိုင်းတို့ကို PDF အကြမ်းဖက်သမားများက ထိန်းချုပ်ထားသကဲ့သို့ ဖြစ်နေပြီး ယောချောင်းနံဘေးရွာအားလုံးဟာ PDF အကြမ်းဖက်သမားများကို ကြောက်လန့်နေကြရပါသည်။
အနောက်လိုင်းတွင် ဘာမထီ PDF အကြမ်းဖက်အဖွဲ့နှင့် ကျစ်ပြင်ရွာသား ကျော်မျိုးဦး ၏ အဖွဲ့၊ မြောက်လိုင်းနှင့် ယောချောင်းနံဘေးရွာများတွင် ဗိုလ်မထားအဖွဲ့နှင့် ညောင်ဂိုးဝရွာသား စိုးထိုက်၏ အဖွဲ့။ မြိုင်၊ ရေစကြို၊ ပခုက္ကူ ဘက်မှလာသော PDF အကြမ်းဖက်သမား အင်အား ၂၀၀ခန့်၊ ဆိုက်ခမ်းကျေးရွာတွင် လွှတ်တော်ကိုယ်စလှယ်ပြုတ် သက်မွန်အေး ယောင်္ကျား ဝရမ်းပြေး ထွန်နိုင်အဖွဲ့အင်အား၂၀၀ ခန့်၊ တောင်ရွာမကျေးရွာတွင် ကျော်မင်းအောင် ဦးဆောင်အင်အား ၅၀ ခန့်၊ ဒေါင်းသာကျေးရွာတွင် အင်အား၂၀ခန့် မြောက်ရွာမကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသော အလိုတော် ပေါက်ဘုရားပေါ်တွင် PDF အကြမ်းဖက်သမား အင်အား ၅၀ခန့် အသီးသီးအခြေချ လှုပ်ရှားလျက်ရှိပါသည်။
အဆိုပါ PDF အကြမ်းဖက်သမားများ လာရောက်လှုပ်ရှားဆောင်ရွက်နေမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ရှင်းလင်း ဖယ်ရှားပေးမှသာလျှင် ဒေသခံပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းပါမည်။ မတ်လ နှင့် ဧပြီလအတွင်း PDF အကြမ်ဖက်များ၏ သတ်ဖြတ်ချင်းခံရသည်မှာ ဆရာတော်တပါးအပါ 6 ဦးထက်မနည်း ရှိခဲ့ပါပြီ။ တာဝန်ရှိသူများအနေဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ ဘေးကင်းလုံခြုံစေရေး အလေးထား ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။
တာဝန်သိ ပြည်သူတစ်ဦး
#MyanmarNationalPost

No comments:
Post a Comment