တောင်ကုတ်မြို့ ၌ (၇၇)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အားကြိုဆိုဂုဏ်ပြု စုပေါင်းသွေးလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကုတ်မြို့ ၌ (၇၇)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အားကြိုဆိုဂုဏ်ပြု စုပေါင်းသွေးလှူဒါန်း




MNP ၊ မေ ၁

(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ် မီးသတ်ဦးစီးဌာန မှတပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်းသိရသည်။


ထိုသို့စုပေါင်းသွေးလှူဒါန်းရာတွင် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ဆေးကုသမှု ခံယူနေကြသော လူနာများ အတွက်  မြို့နယ်မီးသတ်ဦးစီးဌာန မှ ဦးစီးအရာရှိ ဦးဆွေလင်းမောင် ဦးဆောင် သော သန္ဓေတပ်ဖွဲ့ဝင်များ နှင့်အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း(၁၇)ဦးက လိုအပ်သောသွေးများကိုလှူဒါန်းခဲ့ကြ ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)