MNP ၊ မေ ၁
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် (၇၇)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သောက်သုံးရေများလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရေရှားပါးသောနေရာများ၌ သွားရောက်လှူဒါန်းခဲ့ကြသည်။
ပူပြင်းခြောက်သွေ့ပြီးနွေရာသီတွင် ကျေးရွာ/ ရပ်ကွက်များရှိပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာများရှိ နေအိမ်များသို့ သောက်သုံးရေများ အခမဲ့ သွားရောက်ပြီး မြို့နယ်အတွင်း ရေရှားပါးသောရပ်ကွက်/ကျေးရွာများသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သောက်သုံးရေများအခမဲ့ဖြန့်ဝေပေးခြင်းကို မွန်ပြည်နယ်မီးသတ်ဦးစီးဌာန ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒရိန်းကျေးရွာ၊ ကျားဘိုကျေးရွာနှင့် အလှပ်ကျေးရွာအုပ်စုသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ကြင်ထွန်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကိုတို့မှ ဦးဆောင်၍ သန္ဓေ နှင့်အရန်တပ်ဖွဲ့ဝင် (၂၅) ဦး၊ မီးငြှိမ်းသတ်ယာဉ် ( ၃ ) စီး၊ ရေသယ်ယာဉ် ( ၄ )စီး တို့ဖြင့် စုစုပေါင်းရေဂါလန် (၇၆၀၀) လှူဒါန်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment