MNP ၊ မေ ၁
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၇/အနောက်ရပ်ကွက်၊ အောင်ချမ်းသာလမ်းမကြီးရှိ ညောင်ရိပ်သာကျောင်းတိုက်တွင် ယမန်နေ့ညနေ ၄ နာရီခွဲက ဗုဒ္ဓဘာသာယဥ်ကျေးမှုနှင့် အင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ညောင်ရိပ်သာကျောင်းတိုက် ဦးစီးပဓါနနာယက၊ မြို့နယ်သံဃာနာယက အဖွဲ့အကျိုးတော်ဆောင်ဘဒ္ဒန္တကောမလ (မဟာသဒ္ဓမ္မဇောတိကဓဇ)က သင်တန်းဆင်းသြဝါဒကထာမြွက်ကြားသည်။ ယင်းနောက် သင်တန်းနည်းပြဆရာမကြီး ဒေါ်ညွန့်ညွန့်မော်က ဂုဏ်ပြုစကားပြောကြားခဲ့သည်။
ဆက်လက်၍ (၂.၃.၂၀၂၃)မှ (၂၈.၄.၂၀၂၃)ထိ ဗုဒ္ဓဘာသာယဥ်ကျေးမှုနှင့် အင်္ဂလိပ်စာသင်တန်းသို့ တက်ရောက်သင်ကြားပြီး ယင်းသင်တန်းစာမေးပွဲဖြေဆိုအောင်မြင်ခဲ့ကြသူများကို ဆုများပေးအပ်ပွဲပြုလုပ်ရာ အင်္ဂလိပ်စာဘာသာရပ်တွင် ဂုဏ်ထူးဖြင့်အောင်မြင်သည့် ပထမ၊ ဒုတိယ၊ တတိယ ဆုရ(၃)ဦး၊ ယဥ်ကျေးမှုဘာသာရပ်တွင် အငယ်တန်း၌ဂုဏ်ထူးဖြင့် အောင်မြင်သည့် ပထမ၊ ဒုတိယ၊ တတိယဆုရ(၃)ဦး၊ အကြီးတန်း၌ ဂုဏ်ထူးဖြင့်အောင်မြင်သည့် ပထမ၊ ဒုတိယ၊ တတိယဆုရ(၃)ဦး၊ ရိုးရိုးဂုဏ်ထူးဖြင့် အောင်မြင်သူ(၄၂)ဦး၊ စုစုပေါင်း (၅၁)ဦးကို ဆရာတော်ဘဒ္ဒန္တကောမလနှင့် သင်တန်းနည်းပြဆရာမများဖြစ်ကြသော ဒေါ်ညွန့်ညွန့်မော်၊ ဒေါ်လဝန်းမီမီဇော်၊ ဒေါ်စိုးမိုးငြိမ်း၊ ဒေါ်ဆွေဆွေမြင့်၊ ဒေါ်သူဇာနှင့် ဒေါ်လှသိင်္ဂီတို့က အောင်လက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြကြောင်းသိရသည်။
မို့မို့သူ
https://t.me/MyanmarNationalPost

No comments:
Post a Comment