ဝိုင်းမော်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝိုင်းမော်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ



MNP ၊ မေ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနာခရိုင် ၊ဝိုင်းမော်မြို့နယ်တွင်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ(၂၉)ရက်နေ့ မွန်းလွဲ(၂)နာရီက ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဦးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌ရေးနှစ်‌၊ ဒေသန္တရ စီမံကိန်းဥပ‌ဒေပါ စီမံကိန်းရည်မှန်းချက်များကို ပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး၊ လက်‌ထောက် ညွှန်ကြား‌ရေးမှူး ဒေါ်မိုးသူဇာက မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ နိုင်ငံပိုင် အခန်းရင်းနှီးမြှပ်နှံမှု လျာထားချက်များကို ပြည့်မီကျော်လွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်မှု လုပ်ငန်းအခြေအနေများကို လစဉ် ၃ လပတ်၊ ၆ လပတ်နှင့် နှစ်ချုပ်များအလိုက် အစီရင်ခံစာများကို အချိန်မီ ပြုစုပေးပို့တင်ပြသွားရမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။


ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရဖွံ့ဖြိုးမှု စီမံကိန်းများနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှု စီမံကိန်းစာအုပ်များကို ကျေးလက်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဒေဝအောင်ကိုလည်း‌ကောင်း၊ ကဏ္ဍအလိုက်စီမံကိန်းကို ဌာနဆိုင်ရာများကိုယ်စား စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးယဉ်မင်းစိုးကိုလည်းကောင်း အသီးသီးတာဝန်လွှဲပြောင်း ပေးအပ်ခဲ့သည်။


ဖြူစင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)