နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် သဲနုန်းများ တူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် သဲနုန်းများ တူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး




MNP ၊ မေ ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း သဲနုန်းများတူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တာ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းက ရှမ်းကန်၏အရှေ့ဘက်ခြမ်း သဲနုန်းတူဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်နှင့်အဖွဲ့သည် ကန်တော်မင်္ဂလာရှမ်းကန် ရှင်းလင်းဆောင်သို့ရောက်ရှိရာ နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၅)မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က  ကန်တော်မင်္ဂလာရှမ်းကန်အတွင်း ရေစုကန်တူးဖော်ခြင်းနှင့် ရေခေါ်မြောင်းဖောက်လုပ်ခြင်း၊ ကန်အားနေပူလှန်း၍ ခြောက်သွေ့အောင်ထားခြင်း၊ နုန်းများအား တူးဖော်၍စုပုံခြင်း၊ စုပုံထားသောမြေများကို ခြောက်သွေ့အောင်ထားခြင်းနှင့် သယ်ဆောင်စွန့်ပစ်ခြင်း စသည့်လုပ်ငန်းစဉ်များကို စက်ယန္တရားများဖြင့် ဆောင်ရွက်မည့်အခြေအနေနှင့် ကြာမြင့်မည့် အချိန်ကာလကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က သဲနုန်းတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်က ကန်တော်မင်္ဂလာရှမ်းကန် ပြန်လည်သန့်ရှင်းသာယာလှပရေးကို ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး၊ အချိန်မီးပြီးစီးရေးကို အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်နှင့်တာဝန်ရှိသူများက ကန်၏ အရှေ့ဘက်ခြမ်း သဲနုန်းတူဖော်ခြင်းလုပ်ငန်းကို  စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုအခြေအနေမျာအား ကြည့်ရှုစစ်ဆေးသည်။


အဆိုပါ ကန်တော်မင်္ဂလာရှမ်းကန်၏ အရှေ့ဘက်ခြမ်း သဲနုန်းတူဖော်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ရေစုကန် တူးဖော်ခြင်းနှင့် ရေခေါ်မြောင်းဖောက်လုပ်ခြင်း၊ ကန်အားနေပူလှန်း၍ ခြောက်သွေ့အောင်ထားခြင်း၊ နုန်းများအားတူးဖော်၍ စုပုံခြင်း၊ စုပုံထားသောမြေများကို ခြောက်သွေ့အောင်ထားခြင်းနှင့် သယ်ဆောင် စွန့်ပစ်ခြင်း စသည့်လုပ်ငန်းစဉ်များကို စက်ယန္တရားများဖြင့် ဧပြီလ ၂၉ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ၃၅ ရက်ကြာဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရသည်။


ကန်တော်မင်္ဂလာရှမ်းကန်ကို မြန်မာသက္ကရာဇ် ၆၆၆ ခုနှစ်ခန့်တွင် ရှမ်းကုန်သည်များက ရေလှောင်ကန် တစ်ခုအဖြစ်တူးဖော်ခဲ့ရာမှ ရှမ်းကန်ဟု ယနေ့တိုင်ခေါ်ဝေါ်ခဲ့ကြရာ နှစ်ပေါင်း ၇၂၀ ခန့်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် စက်ယန္တရားများဖြင့် ကန်းအတွင်း သဲနုန်းများတူးဖော်ခဲ့ရပြီး ယခုအထိ ၃၅ နှစ်ကြာမှ ဒုတိယအကြိမ်အဖြစ် စက်ယန္တရားများဖြင့် ကန်းအတွင်းရှိ သဲနုန်းများတူးဖော်ခြင်းဖြစ်ကြောင်းသိရသည်။


ထွန်းထွန်းဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)