MNP ၊ မေ ၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက်(၁၁)နာရီက အလုပ်သမားနေ့အကြောင်း အသိ ပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ပြည်သူများအနေဖြင့်အလုပ်လက်မဲ့များလျော့ပါးလာပြီး၊မိသားစုဝင်ငွေတိုးတက်စေခြင်း၊အလုပ်လုပ်ကိုင်သူအားလုံးနီးပါး အလုပ်အကိုင်ရရှိပါက ဒေသထွက်ကုန်ထုတ်စွမ်းအားမြှင့်မားလာပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေနိုင်ခြင်း စသည်များကိုပြည်သူများသိရှိစေရန်ရည်ရွယ်ပြီး Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှုး ဒေါ်ခင်မာလာအောင် က အလုပ်အကိုင်ရှာဖွေသူ၊အလုပ်သမားများနှင့်အလုပ်သမားလိုအပ်သူအလုပ်ရှင်များအတွက် အချိန်မကုန်၊ငွေမကုန်ဘဲတစ်နေရာတည်းတွင်ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခြင်းဖြင့်အစိုးရ အလုပ်ရှင်၊အလုပ်သမား သုံးပွင့်ဆိုင် အကျိုးဖြစ်ထွန်းစေနိုင်မည့် အကြောင်းအရာများကို အကျယ် တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ ကြောင်းသိရသည်။
ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment