MNP ၊ မေ ၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ မြစ်ပေါက်ကျေးရွာအုပ်စု စစ်ကုန်းကျေးရွာတွင် ငါးမွေးမြူးကန်အား မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းအောင်က ယမန်နေ့ နံနက်ပိုင်းအချိန်က သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ငါးမွေးတောင်သူ ဦးမြင့်ရွှေ၏ ငါးမွေးကန်အား ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင့်စဉ်နှင့်အညီ မွေးမြူထုတ်လုပ်နိုင်ရေး ငါးသားပေါက် ထုတ်လုပ်မှုအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment