စစ်တွေမြို့၌ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့၌ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေး




MNP ၊ မေ ၁

ရခိုင်ပြည်နယ် စစ်တွေမြို့၌  ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဦးဥတ္တမခန်းတွင် ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လုပ်ငန်းရှင်းများတက်ရောက်ကြကြောင်း သိရသည်။


ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုနွေးပွဲကို တက်ရောက်သူများအနေဖြင့် ကုန်အမှတ် တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာဗဟုသုတများနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားခြင်းဆိုင်ရာများ အပေါ် သိရှိလိုသည်များကို မေးမြန်းနိုင်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း၊ မြန်မာနိုင်ငံရဲ့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင်စနစ် တည်ထောင်ခြင်းမှာလည်း ပေါ်ထွန်းလာပြီဖြစ်သည့်အတွက် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်သူတွေရဲ့အကျိုးစီးပွား တိုးတက်ဖြစ်ပေါ်ရေး အတူပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။


ဆက်လက်ပြီး မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ်က မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ စိမ့်သန္တာထွန်းက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေပညာရှင် ဦးသန်းမောင်က ဥပဒေများနှင့် ပတ်သက်၍ ဆွေးနွေးပြီး  တက်ရောက်လာကြသည့် လုပ်ငန်းရှင်းများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)