သေကြောင်းကြံတဲ့အထဲမှာ သူတို့မပါခဲ့ဘူး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သေကြောင်းကြံတဲ့အထဲမှာ သူတို့မပါခဲ့ဘူး


တိတ်ဆိတ်သွားသော နေ့တစ်ရက် (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁) ရက်နေ့။

အဲဒီနေ့က နံနက်စောစော အိမ်ကနေ အကြောင်းမရှိ အကြောင်းရှာပြီး ကျွန်တော်ထွက်ခဲ့တယ်။ နီပိန်းများတဲ့ ရပ်ကွက်ထဲကို ဖြတ်လျှောက်လာတာ ဖြစ်တဲ့အတွက် ဟိုနေရာတစ်စု ဒီနေရာတစ်စု တီးတိုးပြောဆိုနေတာတွေကို မြင်တွေ့ရတယ်။ မျက်နှာတွေ မသာယာကြတော့ဘူး။ သို့သော် အသံတော့ ကျယ်ကျယ် မထွက်ရဲကြရှာဘူး။ ကျွန်တော် ထိုင်နေကြ လက်ဖက်ရည်ဆိုင်မှာ ယခင်ကဆို နီပိန်းတွေ အာဘောင်အာရင်းသန်သန် နဲ့ ဘေးပတ်ဝန်းကျင်မှ အားနာရကောင်းမှန်းမသိတဲ့ သတ္တဝါတွေ အသံမထွက်ကြတော့။

အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။ မဲလိမ်မဲခိုးမှုကို ဖြေရှင်းဖို့ ပြောဆိုတုန်းက၊ မဲလိမ်မဲခိုးမှုတွေကို ဖြေရှင်းဖို့ ဆန္ဒပြတောင်းဆိုတဲ့ လူတွေကို နီပိန်းတွေ အာဘောင်အာရင်သန်သန်နဲ့ ဆဲခဲ့ကြတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း ဆဲကြဆိုကြ။ သူတို့ အားပေးထောက်ခံတဲ့ ပါတီ အာဏာရနေတဲ့အချိန်ဆိုတော့ သူတို့ မိုက်လုံးထွားခွင့်ရတယ်။ မဲလိမ်မဲခိုးပြီး အနိုင်ရတာကို အောင်ပွဲခံတဲ့ အခမ်းအနားမှာ သံဃာတော်တွေကို နာမည်တပ်ဆဲဆိုတဲ့ နီပိန်းတွေကိုလည်း မြင်ခဲ့ တွေ့ခဲ့ရတယ်။

နီပိန်းတွေ ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ့အချိန်မှာ ဆူပူအကြမ်းဖက်လှုံ့ဆော်ရာမှာ သူမတူအောင်စွမ်းနိုင်တဲ့ ၈၈ ကျောင်းသားအိုကြီးများ (နိုင်ငံရေးလှုံ့ဆော်သူတွေ)ဖြစ်တဲ့ မင်းကိုနိုင်၊ ဂျင်မီ တို့ ပေါက်ကရပေါက်ပန်းစေး လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေနဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now တို့ကနေ စတင်လှုံ့ဆော်လာတယ်။ ၈၈ ကျောင်းသားအိုကြီးများက ပြည်ဖျက်မီဒီယာတွေ သူတို့နောက်မှာ ရှိနေတာကို သိတယ်။ သူတို့ တစ်ခွန်းလောက် ဟရုံနဲ့ ပြည်ဖျက်မီဒီယာတွေ က ပလူပျံအောင် ဖွပေးမှာကိုလည်း သိတယ်။ ၈၈ ကျောင်းသားအိုကြီးများက ရှေ့ဆောင်လမ်းပြ ပေါက်ကရ ပေါက်ပန်းစေးတွေ လုပ်ကြံဖန်တီးပြီး ပြောဆိုပြလိုက်တော့မှ နီပိန်း လွှတ်တော်အမတ်တွေ ဉာဏ်ပွင့်သွားပြီး ငါတို့လည်း သူတို့လိုပဲ "ငါတို့လုပ်သမျှ အမှန်၊ တပ်မတော် လုပ်သမျှ အမှား" လုပ်ကြံဖန်တီး ပြောဆိုရမှာပါလားလို့ ဉာဏ်အလင်းရပြီး လုပ်ကြံဖန်တီးပြောဆိုလှုံ့ဆော်မှုတွေ လုပ်လာကြတော့တယ်။ 

သူတို့ ကျူးလွန်ခဲ့သမျှ ဥပဒေမဲ့ လုပ်ရပ်တွေ တစ်ခုမှ ပြည်သူကို မသိစေရဘူး။ ဂရင်းနစ်စံချိန်တင်လို့ရတဲ့ မဲလိမ်မဲခိုးမှုကြီးကို သူတို့ မကျူးလွန်ခဲ့ဘဲ တပ်မတော်က အာဏာလုယူပါတယ်ဆိုပြီး လှုံ့ဆော်မှုတွေ လုပ်လာကြတယ်။ ပြည်ဖျက်မီဒီယာတွေက စကစ၊ စစ်ကောင်စီ၊ အာဏာသိမ်းစစ်တပ် အစရှိတဲ့ ဝေါဟာရ အသစ်အဆန်းတွေ လုပ်ကြံဖန်တီးအသုံးပြုပြီး လှုံ့ဆော်လာကြတယ်။

၈၈ ကျောင်းသားအိုကြီးများက လှုပ်လိုက်တယ်ဆိုရင်ပဲ ကမ္ဘာအရပ်ရပ်မှာ ခိုလှုံနေကြပြီး မြန်မာပြည်ကို လက်ညှိုးထိုးရောင်းစားဖို့ ကြံစည်နေကြတဲ့ နိုင်ငံရေးလုပ်စားသူအပေါင်းကလည်း ဘာမသိ ညာမသိ အာသီဝင်ယောင်ပြီး လှုံ့ဆော်လာကြတယ်။ သူတို့အတွက်က အမှန်တရားမလိုဘူး။ မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေဖို့ အဓိကပဲ။ ဒါမှသာ လုပ်စားလို့ရမယ်။

၁၉၈၈ ၊ ၁၉၉၀ နိုင်ငံရေးပဋိပက္ခများမှာ နီပိန်းဖြစ်ခဲ့ပြီး ကမ္ဘာအရပ်ရပ်ကို ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြသူအများစုဟာ ၈၈ ကျောင်းသားအိုကြီးများရဲ့ အာဘော်ကို လိုက်ပြီး လှုံ့ဆော်လာကြချိန်မှာ မြန်မာ့နိုင်ငံရေးကို အမြဲအပြတ် စောင့်ကြည့်ပြီး တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်စေလိုသူ လူတစ်စုကို တွေ့လိုက်ရတယ်။ သူတို့တွေအနေနဲ့ NLD အစိုးရတာဝန်ယူဆောင်ရွက်တဲ့ကာလမှာ ဘာသာ သာသနာအပေါ်မှာ မထီမဲ့ပြင်ပြုတာတွေ၊ ရည်ရွယ်ချက်ရှိရှိ စော်ကားတာတွေ၊ လူမျိုးလိမ်အရေးကို အလေးထားလုပ်ဆောင်တာတွေအပေါ် မနှစ်မြို့ခဲ့ကြဘူး။

သူတို့တွေအနေနဲ့ ကမ္ဘာကျော်မဲလိမ်မဲခိုးမှုကြီးကို NLD ပါတီက ကျူးလွန်ခဲ့တဲ့အတွက် တပ်မတော်က အာဏာထိန်းလိုက်ချိန်မှာ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေ လုပ်ဆောင်တဲ့အုပ်စုထဲ မပါကြတော့ဘဲ NLD ပါတီရဲ့ လုပ်ရပ်တွေကို ဝေဖန်ထောက်ပြ ပြောဆိုလာကြတယ်။ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်လာကြသူတွေရဲ့ သဘောသဘာဝတွေကို ထောက်ပြပြောဆိုလာကြတယ်။ ပြည်ဖျက်မီဒီယာတွေရဲ့ သဘောသဘာဝကို ပြည်သူအများ သိရှိနားလည်အောင် ချပြပြောဆိုလာကြတယ်။

အဲဒီလူတွေဟာ ဘယ်သူတွေလဲလို့ မေးရင် ဦးနော်မန်၊ ကိုချိုကြီး၊ ကိုသတိုးစော၊ (မောင် သုံး မောင် ဖြစ်တဲ့ ကိုဘုန်းကျော်မောင်၊ ကိုမောင်မောင်၊ ကိုမောင်စိုး)၊ ကိုစောဘထူး၊ ဦးမိုးစက် တို့ပါပဲ။ တခြားသော ပုဂ္ဂိုလ်အချို့လည်း ရှိပါသေးတယ်။ တချိန်က သူတို့တွေ NLD ဘက်က ရပ်တည်ခဲ့ကြတယ်။ တချို့ဆိုရင် လက်နက်ကိုင်တော်လှန်ရေးခေါင်းစဉ်အောက်မှာ ပါခဲ့ဖူးကြတယ်။  သူတို့ ကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေအရပ်ရပ်ကို ချပြပြောဆိုတယ်။ လူငယ်တွေ လမ်းမှားမလိုက်မိကြစေဖို့ နိုင်ငံရေးလုပ်စားသူတွေရဲ့ သဘောသဘာဝကို အမုန်းခံပြီး ရှင်းပြခဲ့ကြတယ်။

တချိန်က ပုဂ္ဂိုလ်ရေးရှေ့တန်းတင်ပြီး ရပ်တည်ခဲ့ကြပေမယ့် မိမိတို့ အားပေးထောက်ခံတဲ့ ပုဂ္ဂိုလ်ဟာ မိမိတို့ မျှော်လင့်သလို ဖြစ်မလာတဲ့အချိန်မှာ သူတို့ရဲ့ ရပ်တည်ချက် ပြတ်သားခဲ့တယ်။ တိုင်းပြည် နဲ့ လူမျိုး ကောင်းကျိုးကို ရှေးရှုပြီး ကမ္ဘာအရပ်ရပ် က ပြည်ပြေး ဝရမ်းပြေးတွေ ပေါက်ကရ ပေါက်ပန်းစေ လုပ်ကြံဖန်တီး ပြောဆိုမှုတွေနောက်မှာ လူငယ်တွေ လမ်းမှား မရောက်ကြစေဖို့ တာဝန်သိစိတ်နဲ့ အမုန်းခံပြီး ပြောပေးခဲ့ကြပါတယ်။ ယနေ့တိုင်အောင်လည်း ပြောဆိုနေကြဆဲပါပဲ။

သူတို့ရဲ့ ဝေဖန်ထောက်ပြပြောဆိုမှုတွေက အတိုင်းအတာတစ်ခုထိတော့ အောင်မြင်ခဲ့ပါတယ်။ သို့သော် ပြည်ဖျက်မိစ္ဆာအုပ်စုက အားကောင်းမောင်သန် လှော်ခတ်ကြတဲ့အခါကြတော့ တစ်ဖက်ပိတ်တွေဟာ ပြည်ဖျက်မိစ္ဆာတွေရဲ့ တိုင်းဖျက် ပြည်ဖျက် အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ပါသွားကြတာပါပဲ။ တချိန်က သူတို့ မှားခဲ့တဲ့ အမှားမျိုးတွေ မဖြစ်ရလေအောင် အမုန်းခံပြီး ပြောဆိုပေးခဲ့ကြသည့်တိုင်အောင် ပြည်ဖျက်မိစ္ဆာများက လူငယ်တွေကို ငွေနဲ့ ဖျားယောင်းသွေးဆောင်သွားတဲ့အခါ လူငယ်တွေဟာ အကြမ်းဖက်သမားတွေဖြစ်ပြီး သံဃာတော်ကို သတ်ဖြတ်ဖို့ ဝန်မလေး၊ ဆရာ/ဆရာများကို လုပ်ကြံသတ်ဖြတ်ဖို့ ဝန်မလေး ကျန်တာတော့ အထွေအထူးပြောဖို့ မလိုလောက်အောင် လက်မရွံ့အကြမ်းဖက်သမားများ အဖြစ်နဲ့ ရဟန်းရှင်လူ ပြည်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြတယ်။

ဦးနော်မန်၊ ကိုချိုကြီး၊ ကိုသတိုးစော၊ ကိုဘုန်းကျော်မောင်၊ ကိုမောင်မောင်၊ ကိုမောင်စိုး၊ ကိုစောဘထူး အစရှိသော ပုဂ္ဂိုလ်များက သူတို့ကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးဘဝ တစ်ဆစ်ချိုးမှာ DVB က ဘယ်လို သတင်းလိမ် သတင်းမှားတွေ ရေးတယ်။ တော်လှန်ရေး ခေါင်းဆောင်အမည်ခံထားသူတွေ ဘယ်လို ကိုယ်ကျိုးရှာတယ် အစရှိသော ပြည်ဖျက်မိစ္ဆာများရဲ့ သဘောသဘာဝကို အမှန်အတိုင်း ချပြပြောဆိုခဲ့ကြတာ။

တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ၈၈ ကျောင်းသား အိုကြီးများ မဟုတ်မမှန် လုပ်ကြံဖန်တီးပြောဆိုမှုတွေကို ကဗျာတွေ၊ စာတွေနဲ့ ဖွဲ့နွဲ့ စီကုံးပြီး မှိုင်းတိုက်ကြတာ ဖြစ်တယ်။ ပြည်ဖျက်မီဒီယာတွေရဲ့ သဘောသရုပ်မှန်ကို ကြည့်မယ်ဆိုရငလည်း တချိန်က NLD အတွက် ရပ်တည်ခဲ့ကြသူတွေ၊ ယခု NLD ရဲ့ လုပ်တွေကို ဝေဖန်ထောက်ပြသူတွေရဲ့ ဝေဖန်ထောက်ပြပြောဆိုမှုတွေကို သူတို့မီဒီယာတွေရဲ့ စာမျက်နှာများထက်မှာ ဖော်ပြတယ်ဆိုတာ မရှိပါဘူး။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေရဲ့ လုပ်ကြံဖန်တီး ပြောဆိုမှုတွေကိုသာ ဝေဝေဆာဆာ ဖော်ပြခဲ့ကြတာကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်တည်ငြိမ်အေးချမ်းမှာကို မလိုလားဘူး။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေဖို့သာ အဓိက ဖြစ်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

မည်သို့ပင် ဆိုစေ တချိန်က နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပြီး နိုင်ငံရေးအရိုင်းစိတ်နဲ့ ဇွတ်တရွတ် လုပ်ခဲ့ကြသည့် တိုင်အောင် ယနေ့အချိန်မှာ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လှုံ့ဆော်သူတွေထဲမှာ သူတို့ မပါခဲ့ဘူး။ ပြည်သူတွေကို သေကြောင်းကြံပြီး လုပ်စားတဲ့အထဲမှာ သူတို့ မပါခဲ့ဘူး။ ပြည်ဖျက်မိစ္ဆာတွေရဲ့ သရုပ်မှန်ကို ချပြခဲ့ကြတဲ့အတွက် သူတို့ ရောက်ရာအရပ်ကနေ တိုင်းပြည်နဲ့ လူမျိုးအတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ကျေပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင် ဂုဏ်ပြုအပ်ပါတယ်။

 

နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)