လူမျိုးရေးခွဲခြားမှုကြောင့် ရီးရဲလ်မက်ဒရစ်ကနေထွက်ခွာမှာ မဟုတ်တဲ့ ဗီနီဇီယက်စ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမျိုးရေးခွဲခြားမှုကြောင့် ရီးရဲလ်မက်ဒရစ်ကနေထွက်ခွာမှာ မဟုတ်တဲ့ ဗီနီဇီယက်စ်



MNP - မေ  ၂၄


ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမား ဗီနီဇီယက်စ် ဂျူနီယာဟာ မကြာသေးမီဖြစ်ခဲ့တဲ့ လူမျိုးခွဲခြားမှုများကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုထားတယ် သတင်းတွေ ထွက်ပေါ်နေပေမယ့် အမှန်တကယ် ထွက်ခွာဖို့ ရည်ရွယ်မရှိကြောင်း သိရသည်။


 ရီးရဲလ်မက်ဒရစ်အသင်းဘက်ကလည်း ထွက်ခွာခွင့်ပေးဖို့ ရည်ရွယ်ဘဲ ၂၀၂၇ ခုနှစ် ဇွန်လအထိ စာချုပ်သစ်ကို ယမန်နှစ်ကတည်းက လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း မကြာမီ တရားဝင်ထုတ်ပြန်ကြေညာတော့မှာ ဖြစ်ကြောင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဗီနီဇီယက်စ်နှင့် အတူကတွ ဆက်လက်ရပ်တည်ပြီး လူမျိုးရေးခွဲခြားမှုကို ရှုံ့ချေကြောင်း အတည်ပြုခဲ့သည်။


အဆိုပါ အသက် ၂၂နှစ်အရွယ် ဘရာဇီးလ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဗလင်စီယာအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ အပြင်းအထန် လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရပြီးနောက် စိတ်လိုက်မာန်ပါတုံပြန်ခဲ့တာကြောင့် အနီကတ်ပြကာ ထုတ်ပယ်ခံ၇တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း ၁ဂိုး၊ ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)