မြန်အောင်မြို့ အမှတ်(၃)ရပ်ကွက် မြို့မနေခြည်စျေး၌ လေ​ပွေတိုက်ခတ်မူကြောင့် စျေးဆိုင်ခန်းများ ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်မြို့ အမှတ်(၃)ရပ်ကွက် မြို့မနေခြည်စျေး၌ လေ​ပွေတိုက်ခတ်မူကြောင့် စျေးဆိုင်ခန်းများ ပျက်စီး




MNP ၊ မေ  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့အမှတ်(၃)ရပ်ကွက်  မြို့မနေခြည်စျေးတွင် ယမန်နေ့ညနေက လေပွေတိုက်ခတ်မူကြောင့် ဆိုင်ခန်း ၂၁ ခန်းနှင့် (၈၀/ ၁၃) ပေရှိ အသားငါးရုံစျေးတန်းမှာ အမိုးများ၊ ထုတ်တန်းများ ပျက်စီးခဲ့ပြီး စျေးအိမ်သာ သွပ်အမိုးများလန်ခဲ့ကြောင်းသိရသည်။


မြို့မနေခြည်စျေးတွင် လေ​ပွေတိုက်ခတ်မူကြောင့်ပျက်စီးဆုံး ရှုံးမှုတန်ဖိုးမှာ ကျပ် ၂၀ သိန်းခန့် ဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် စျေးသူ/စျေးသားများ ပူးပေါင်း၍ အမြန်ပြန် လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။


ဝင်းဗိုလ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)