မြို့သစ်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းသင်တန်းဆင်းပွဲ ကျင်းပ


MNP ၊ မေ  ၂၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာနှစ်တွင် ဖွင့်လှစ်သည်အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၁၀) နာရီက မြို့သစ်မြို့နယ်၊ မြေပြင်သကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်တို့က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေမြင့်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းသင်တန်းဖွင့်လှစ်ခဲ့ခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ သင်တန်းနည်းပြဆရာက သင်တန်းမှ သင်ယူတက်မြောက်ခဲ့ပြီးဖြစ်သည့် အတတ်ပညာများကို အကျိုးရှိစွာ အသုံးချတက်စေရန်တို့ကို ရှင်းလင်းပြောကြားခဲ့ သည်။


အဆိုပါသင်တန်းသို့ ဆိုင်ကယ်စက်ပြင်ဝါသနာပါ စိတ်ဝင်စားသူ(၃၀)ဦး တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။


သန်းဝင်းထွန်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment