ပေါင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာများသို့ မွေးမြူရေးအသိပညာပေးဟောပြောပွဲနှင့်ဆေးကုသခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာများသို့ မွေးမြူရေးအသိပညာပေးဟောပြောပွဲနှင့်ဆေးကုသခြင်းများဆောင်ရွက်






MNP ၊ မေ  ၁၉

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာများသို့ မွေးမြူရေးအသိပညာပေးဟောပြောပွဲနှင့်ဆေးကုသခြင်းများဆောင်ရွက်ခြင်းကိုယနေ့နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာများသို့ကွင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။


မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြာရေးမှုးဒေါက်တာသက်နိုင်က

 မြစိမ်းရောင်ကျေးရွာများတွင် နွား၊ဆိတ်၊ဝက်အတွက် ကောင်းမွန်စွာကြီးထွားနိုင်ရေးအပြင် စနစ်တကျမွေးမြူးနိုင်ရေး၊‌တောင်သူများအနေဖြင့် နည်းမှန်၊လမ်းမှန် စနစ်တကျပြုစုပျိုးထောင်နိုင်မှသာမွေးမြူရေး

ကောင်ရေ တိုးတက်လာမည်ဖြစ်ကြောင်း တိရိစ္ဆာန်များက ကျန်းမာရေးစောင့်ရှောက်‌ရေးလုပ်ငန်းများကိုလည်းမိမိအနေဖြင့်အခါအားလျော်စွာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဆွေးနွေးပြီး နွား၊ဆိတ်၊ဝက်များအားလိုအပ်သည့်ဆေးများထိုးနှံပေးခဲ့သည်။


မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအ‌နေဖြင့် မြစိမ်းရောင်စီမံကိန်းအတွက် ကျခတ်ငူကျေးရွာအုပ်စု လက်ပံ‌ရွာအတွက်ငွေကျပ်သိန်း(၃၀၀)၊သဲဖြူကုန်းကျေးရွာအုပ်စု သဲဖြူကုန်းရွာအတွက်‌ငွေကျပ်သိန်း(၁၀၀)၊ကတွန်းကျေးရွာအတွက်‌ငွေကျပ်သိန်း(၁၀၀)၊ဒရိန်းကျေးရွာအတွက်ငွေကျပ်သိန်း(၃၀၀) စုစုပေါင်းကျေးရွာ (၄)ရွာအတွက် ငွေကျပ်သိန်း(၈၀၀)ပေးအပ်ထားကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)