မိုခါ(MOCHA)မုန်တိုင်းတိုက်ခိုက်မှုကြောင့် စစ်တွေမြို့၊ IDP Camp များတွင် နေထိုင်သော ဘင်္ဂါလီလူမျိုး သေဆုံးသူဦးရေ ၄၀၀ ကျော်ဆိုသည်မှာ မှန်ကန်မှုမရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါ(MOCHA)မုန်တိုင်းတိုက်ခိုက်မှုကြောင့် စစ်တွေမြို့၊ IDP Camp များတွင် နေထိုင်သော ဘင်္ဂါလီလူမျိုး သေဆုံးသူဦးရေ ၄၀၀ ကျော်ဆိုသည်မှာ မှန်ကန်မှုမရှိ



MNP ၊ မေ ၁၉

မိုခါ(MOCHA) မုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့ IDP Camp များတွင် နေထိုင်သော ဘင်္ဂါလီလူမျိုး ၄၀၀ ဦး သေဆုံးသည်ဟု လူမှုကွန်ရက်စာမျက်နှာအချို့တွင် ဖော်ပြနေကြောင်း တွေ့ရှိရပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ရခိုင်ပြည်နယ်(၁၇)မြို့နယ်သို့ IDP Camp များအပါအဝင် လေဘေးရေဘေးအန္တရာယ်မှ ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနိုင်ရေးအတွက် ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ ဥက္ကဋ္ဌပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ ဦးဆောင်၍ ခရိုင်၊ မြို့နယ်နှင့်ရပ်ကျေးအဆင့်ထိ ရွှေ့ပြောင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ 

ရွှေ့ပြောင်းရာတွင်လည်း စနစ်တကျ ဦးစားပေးအနေဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးများ၊ မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင်များအား ရွှေ့ပြောင်းပြီးမှသာလျှင် ကျန်းမာသန်စွမ်းသူများအား အသုတ်လိုက်ရွှေ့ပြောင်းပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စစ်တွေမြို့အပါအဝင် IDP Camp ၁၇ ခုရှိ ခိုလှုံဘင်္ဂါလီလူဦးရေ ၁၂၅၇၈၉ ဦးအနက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်လိုအပ်သည့် ၆၃၃၀၂ ဦးခန့်အား ဘေးလွတ်ရာအဆောက်အဦများနှင့် ဆိုင်ကလုန်း Shelter များသို့ ရွှေ့ပြောင်းနိုင်ခဲ့ပါသည်။ 

ဆိုင်ကလုန်း မိုခါဝင်ရောက်ပြီးနောက် မေလ ၁၇ ရက်အထိ မြေပြင်ကောက်ခံရရှိသည့် စာရင်းများအရ တပ်မတော်သား ၄ ဦး၊ ဒေသခံတိုင်းရင်းသား ၁၈ ဦးနှင့် ဘင်္ဂါလီ ၂၆ ဦး၊ စုစုပေါင်း ၄၈ ဦး သေဆုံးကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။ မေလ ၁၈ ရက်နေ့ ထပ်မံရရှိသတင်းအရ ဒေသခံ ၆ ဦးနှင့် ဘင်္ဂါလီ ၉၁ ဦး၊ ပေါင်း ၉၇ ဦး သေဆုံးကြောင်း သတင်းရရှိပါသည်။ ရရှိသတင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည်။ ယခုသေဆုံးသူများသည် တာဝန်ရှိသူများမှ ပြောင်းရွှေ့ပေးမှုအပေါ် လိုက်ပါခြင်းမရှိဘဲ မိမိအစီအစဉ်ဖြင့် နေအိမ်များ၌ ကျန်ရှိခဲ့သူများသာဖြစ်ပါသည်။ 

သို့ဖြစ်၍ လူမှုကွန်ရက်များတွင် ဖော်ပြနေသည့် ဘင်္ဂါလီလူမျိုး သေဆုံးသူဦးရေ ၄၀၀ ကျော်ဆိုသည်မှာ မှန်ကန်မှုမရှိပါ။ ထို့ကြောင့် မမှန်သတင်းများထုတ်လွှင့်ကာ ပြည်သူကိုအထိတ်တလန့်ဖြစ်အောင် ထုတ်လွှင့်နေသည့် မီဒီယာစာမျက်နှာအချို့အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)