MNP ၊ မေ ၂၉
ကချင်ပြည်နယ် ၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့တွင် အသက်(၈၀)နှစ်အရွယ် အဖိုးအိုတစ်ဦး နေအိမ်ရှေ့၌ အသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ၊ လွယ်ဂျယ်မြို့တွင် မေ ၂၈ ရက် ညနေ ၃ နာရီခန့်က အောင်သီရိရပ်ကွက်တွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ လွယ်ဂျယ်နယ်မြေရဲစခန်းမှ နယ်မြေရဲစခန်းမှူး ဒုရဲမှူးမြဝင်း နှင့်အဖွဲ့က သွားရောက်စစ်ဆေးကြည့်ရှုရာ ဦးဆန်းလွင်(ခ)ခင်လွင် (၈၀)နှစ်သည် နေအိမ်ရှေ့၌ ပက်လက်လန်အနေအထားဖြင့် လည်ပင်းအရှေ့ဘက် (၅)လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာလက်မောင်း (၂)လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး လွယ်ဂျယ်နယ်မြေရဲစခန်းက (ပ)၁၂/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment