MNP ၊ မေ ၂၉
ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေပြည်သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာစေရန်နှင့် စာပေဖတ် ရှုသည့်အလေ့ အကျင့်ကောင်းများရရှိပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန် စသည့်ရည်ရွယ်ချက်များ ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကိုင်းရှည်ကျေးရွာရှိ လင်းရောင်ခြည်စာကြည့်တိုက်၌ ကျင်းပ သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေ က စာဖတ်ဝိုင်းများ ပြုလုပ်ရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးနောက် ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)ရေးသားသည့် ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန် သတိဖြင့် နေထိုင်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုကျင်းပရာ စာဖတ်ဝါသနာရှင်များဖြစ်ကြသည့် ဦးဝေထွန်း က လူတိုင်းရဲ့ အမြင့်ဆုံး ရည်မှန်းချက် ကိုလည်းကောင်း ၊ ဦးနေလင်းထွန်း က လောကမှာ အရည်အသွေး အပြည့်ဝဆုံးလူ ကိုလည်းကောင်း ၊ ဦးဇော်ဇော်အောင် က အောင်မြင်မှုဆိုတာ မှန်ကန်တဲ့သဘောထား ကိုလည်းကောင်း ၊ ဦးစောမောင် က စစ်မှန်တဲ့ပျော်ရွှင်မှု စသည့် အကြောင်းအရာများကိုလည်းကောင်း ဖတ်ရှုဆွေးနွေးကြသည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဦးမြင့်ရွှေ က စာကြည့်တိုက်များရှင်သန်ခိုင်မာရေးနှင့်စာဖတ်သူများတိုးပွား လာစေရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment