သထုံမြို့နယ်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် မီးသတ်တပ်ဖွဲ့နှင့် လူမှူကူညီရေးအဖွဲ့များ စုပေါင်းကာ သောက်သုံးရေလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့နယ်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် မီးသတ်တပ်ဖွဲ့နှင့် လူမှူကူညီရေးအဖွဲ့များ စုပေါင်းကာ သောက်သုံးရေလှူဒါန်း






MNP ၊ မေ ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ‌လာမည့် မေလ(၅)ရက်နေ့၌ကျရောက်မည့် (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် သန္ဓေနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ စုပေါင်းကာ ယနေ့ နံနက်က ရေအခက်အခဲဖြစ်ရာနေရာများသို့ သောက်သုံးရေ ဖြန့်ဝေလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြ‌ကြောင်း သိရသည်။


ထိုသို့ လှူဒါန်းရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးဇော်မင်းနှင့် တာဝန်ရှိသူများဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင်အခမဲ့ကူညီရေးအသင်း၊ အကြင်နာတွဲလက် လူမှုကူညီရေးအသင်းနှင့် နောင်ကုလား အရန်မီးသတ်တပ်ဖွဲ့တို့မှ ရေသယ်ယာဉ်များဖြင့် သထုံမြို့နယ်အတွင်း သောက်သုံးရေအခက်အခဲဖြစ်ရာနေရာများဖြစ်သည့် အောက်ကျင်းရပ်ကွက်၊ ကန်ညီနောင်ရပ်နှင့် လိပ်အင်းရပ်ကွက်၊ ပိတောက်မြိုင်ရပ်တို့တွင် ရေဂါလံစုစုပေါင်း ၆၇၅၀ ကျော်ခန့်အား အများသုံး ရေကန်များအတွင်း လိုက်လံ ဖြည့်ဆည်းပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များသို့ သွားရောက်ကာ ရေဖြန့်ဖြူးပေးခြင်း စသည့်  ပြည်သူ့အကျိုးပြု သောက်သုံးရေ လှူဒါန်းပေးဝေမှု လုပ်ငန်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် တပျော်တပါး ဆောင်ရွက်ခဲ့ကြသည်။


သထုံမြို့နယ်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များတို့က ရေအခက်အခဲဖြစ်ရာနေရာများသို့သွားရောက်၍ သောက်သုံးရေလှူဒါန်းခြင်း၊ စေတီပုထိုးများ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်း၊ ရပ်ရွာသာယာလှပရေးစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လမ်းဘေးဝဲယာသစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် လိုက်လံဆောင်ရွက်လျှက်ရှိကြောင်း မြိုနယ်မီးသတ်ဦးစီးဌာနမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)