MNP ၊ မေ ၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ပူပြင်းခြောက်သွေ့သည့် နွေရာသီတွင် ရပ်ကွက်/ ကျေးရွာများရှိပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် စေတနာရှင် ပရဟိတအဖွဲ့တို့ပူးပေါင်းပြီး ရပ်ကွက်များရှိရေလှောင်ကန်များ၊ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ရုံးဌာနများသို့ သောက်သုံးရေများ အခမဲ့သွားရောက် ဖြန့်ဝေပေးခြင်းကို နေ့စဥ်ဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။
အဆိုပါ သောက်သုံးရေများအခမဲ့ဖြန့်ဝေလှူဒါန်းပေးခြင်းကို သံဖြူဇရပ်မြို့နယ်အနေဖြင့် မတ်လ ၁၇ ရက်နေ့မှစတင်ကာ နေ့စဥ်လှူဒါန်းပေးလျက်ရှိရာ တစ်နေ့လျှင် ရေဂါလံ(၃၀၀၀)ခန့် အခမဲ့ဖြန့်ဝေလှူဒါန်းပေးလျက်ရှိပြီး အလားတူရေရှားပါးသည့် ပငကျေးရွာတွင်လည်း သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ပငကျေးရွာပရဟိတလူငယ်အသင်းမှ ရေများအခမဲ့ဖြန့်ဝေကာ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှလည်းပူးပေါင်း၍ ရေသိုလှောင်ရန် အခက်အခဲရှိသည့် အောင်သာယာရပ်ကွက်နှင့်ကြံခိုင်ရေး ရပ်ကွက်တို့တွင် ရေလှောင်ကန်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
သံဖြူဇရပ်မြို့နယ်အနေဖြင်း သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များမှလည်း ပါဝင်လှူဒါန်းကာ အခမဲ့ရေပေးဝေရေးလုပ်ငန်းကို မြို့နယ်အတွင်းရေလိုအပ်အပ်သည့်နေရာများသို့ ဆက်လက်၍ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရေပေးဝေရေးအဖွဲ့ထံမှ သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment