ဗိုလ်မှူးချုပ် ဆန်နီအုံး ပေါက်တော မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များနှင့်တွေ့ဆုံပြီး မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့်ပျက်စီးသွားသည့် အခြေခံပညာကျောင်းများနှင့် ဆေးရုံအဆောက်အဉီးများအားလိုက်လံကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်မှူးချုပ် ဆန်နီအုံး ပေါက်တော မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များနှင့်တွေ့ဆုံပြီး မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့်ပျက်စီးသွားသည့် အခြေခံပညာကျောင်းများနှင့် ဆေးရုံအဆောက်အဉီးများအားလိုက်လံကြည့်ရှုစစ်ဆေး






MNP ၊ မေ  ၂၁

ရခိုင်ပြည်နယ်၊ ​ပေါက်တောမြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့်အခြေခံပညာစာသင်ကျောင်းများ၊ ဆေးရုံ ဆေးခန်းများ၊ လူနေအိမ်များ၊ ဆည်မြောင်းတာတမံများ၊ လမ်း တံတားများ နှင့် တိရစ္ဆာန်များသေကြေပျက်စီးဆုံးရှုံးမှုများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ယနေ့ ညနေပိုင်းက ဗိုလ်မှူးချုပ် ဆန်နီအုံးသည်ပေါက်တောမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များနှင့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ တွေ့ဆုံ​​ကြသည်။


 ဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျန်အေးက သဘာဝဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် မိုခါမုန်တိုင်း တိုက်ခတ်ပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်ထားရှိမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။


ထို့နောက် ဗိုလ်မှူးချုပ်ဆန်နီအုံးက ပေါက်တောမြို့နယ်သည် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများသည့် နေရာများကို ပြန်လည်ထူထောင်ရေး ဦးစားပေးအလိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာ၌ ပျက်စီးဆုံးရှုံးမှုစာရင်းဇယားမှန်ကန်မှု အရေးကြီးကြောင်း၊ စာရင်းဇယားများကောက်ယူဆောင်ရွက်ရာတွင် အချက်အလက်ပြည့်စုံစွာဖြင့် လျင်မြန်မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဆုံးရှုံးမှုခန့်မှန်းတန်ဖိုးတွက်ချက်မှုအခြေအနေအား လမ်းဦးစီးဌာနမှ တာဝန်ယူ တွက်ချက်ပြီး တင်ပြပေးစေလိုကြောင်း၊ ပျက်စီးမှုအခြေအနေအား ပထမဦးစားပေးအနေဖြင့် အခြေခံပညာစာသင်ကျောင်းများအားလည်းကောင်း၊ ဒုတိယဦးစားပေးအနေဖြင့် ဆေးရုံများ၊ တတိယဦးစားပေးအနေဖြင့် သာသနိကအဆောက်အဦများ၊ စတုတ္ထဦးစားပေးအနေဖြင့် ဌာနဆိုင်ရာအဆောက်အဦများအား သေချာစွာတွက်ချက်၍ တင်ပြရန်လို ကြောင်း၊ ဆုံးရှုံးမှုခန့်မှန်းတန်ဖိုးတွက်ချက်မှုအခြေအနေအား လမ်းဦးစီးဌာနမှ တာဝန်ယူ တွက်ချက်ပြီး တင်ပြပေးစေလိုကြောင်း၊ မြို့နယ်အတွက် Cyclone Shelter လိုအပ်ချက်ရှိလျှင် တင်ပြနိုင်ကြောင်း၊ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးပစ္စည်းများရောက်ရှိလာသည့် လက်ဝယ်ရောက်ရှိရေး၊ ရေကောင်း ရေသန့်ရရှိရေးအရေးကြီးပါကြောင်းတို့ကို  ရှင်းလင်း​ ပြောကြားသည်။


ဆက်လက်၍ ဗိုလ်မှူးချုပ်ဆန်နီအုံးနှင့်တာဝန်ရှိသူများသည် ပေါက်တောမြို့ရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် အခြေခံပညာကျောင်းများနှင့် ဆေးရုံအဆောက်အဉီးများအားလိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ ရှင်းလင်းတင်ပြရာ တင်ပြချက်များ နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)