MNP ၊ မေ ၂၁
ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မုန်တိုင်း ဒဏ်ခံခဲ့ရသည့် နေရာများသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ရှာဖွေကယ်ဆယ်ရေး နှင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ရန် ပေါက်တောမြို့သို့ ရောက်ရှိလျက်ရှိကြသည်။
ပေါက်တောမြို့တွင် ဧရာဝတီတိုင်းဒေသကြီးမှ သန္ဓေ အရန်၊ပရဟိတများပါဝင်သည့် တပ်ဖွဲ့ဝင်ဉီး ၁၁၆ ဉီးသည်ယနေ့ နံနက်ပိုင်းက မုန်တိုင်းဒဏ်ကြောင့် လဲပြိုကျနေသော သစ်ပင်များအား ပိုင်းဖြတ် ဆောင်ရွက်ခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊လျှပ်စစ်မီးတိုင်းများ နှင့် မီးကြိုးများအားပြန်လည်ပြု ပြင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းမင်းစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment