MNP ၊ မေ ၂၁
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ထိခိုက်ပျက်စီးခဲ့သည်များအားပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးသို့ တောင်ကုတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်မြင့်လှိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊(ခေတ္တ)ဥက္ကဋ္ဌဗိုလ်မှူးသူရိန်စိုးနှင့်အဖွဲ့ဝင်များ၊ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ထွဋ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊မြို့မိ၊မြို့ဖများ၊လုပ်ငန်းရှင်များတက်ရောက်ကြပြီး မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်စာသင်ကျောင်းများအားကျောင်းဖွင့်အမီ အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် မာန်အောင်မြို့နယ်အတွင်းရှိမုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် အ-လ-က ခအုန်းမော်၊အ-မ-က ကင်းတဲ၊အ-မ-က အထက်ပြင်၊အ-မ-ကမီးလောင်ထောင့်၊အ-မ-က ငတက်ပြင်၊မူလွန် ဇိုင်ပင် ကျောင်းများ သို့သွားရောက်၍ ထိခိုက် ပျက်စီးမှုများကို ကြည့်ရှု စစ်ဆေးပြီး ရပ်မိ ၊ရပ်ဖများ၊ကျောင်းအကျိုးတော်ဆောင်များ၊ဆရာ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းဖွင့်အမီ ကျောင်းများကို အမြန်ဆုံး ပြုပြင်နိုင်ရေးညှိနှိုင်းဆွေးနွေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့သည်။
ဆက်လက်ပြီး ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့် အဖွဲ့သည် ကုန်းတန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တစန္ဒအား သွားရောက်ဖူးမျှော်ပြီး ဆန်နှင့်ဆီလှူဒါန်းခဲ့ကြသည်။
မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးစာသင်ကျောင်း စုစုပေါင်း(၄၃)ကျောင်းရှိကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment