မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးများပျက်စီးခဲ့သည့် ကြွေချိုင်ကျေးရွာရှိ အ.လ.ကကျောင်းနှင့်ကျန်းမာရေးဌာနခွဲအတွက် သွပ်များပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးများပျက်စီးခဲ့သည့် ကြွေချိုင်ကျေးရွာရှိ အ.လ.ကကျောင်းနှင့်ကျန်းမာရေးဌာနခွဲအတွက် သွပ်များပေးအပ်



MNP ၊ မေ  ၂၁

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဉက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာတွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးများပျက်စီးခဲ့သည့် အခြေခံပညာအလယ်တန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲတို့အတွက် သွပ်များနှင့် သွပ်သံများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ထိုသို့ထောက်ပံ့ရာတွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးများပျက်စီးခဲ့သည့် ကြွေချိုင်ကျေးရွာရှိ  အခြေခံ ပညာအလယ်တန်းကျောင်းနှင့်  ကျေးလက်ကျန်းမာရေး ဌာနခွဲတို့အတွက် ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်  သွပ်(၇ပေ×၃ပေ)(၁၂၀)ချပ်နှင့် သွပ်သံ (၂)ပိဿာတို့အား သက်ဆိုင်ရာ တာဝန်ရှိသူများထံ  ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။


 ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)