ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက်ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ တာ၀န်ရှိသူများနှင့်အတူ ပျက်စီးနေသော စာသင်ကျောင်း များရှင်းလင်းနေမှုအားကြည့်ရှုပြီး နှင့် သွပ်ပြားများထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက်ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ တာ၀န်ရှိသူများနှင့်အတူ ပျက်စီးနေသော စာသင်ကျောင်း များရှင်းလင်းနေမှုအားကြည့်ရှုပြီး နှင့် သွပ်ပြားများထောက်ပံ့ပေးအပ်






MNP ၊ မေ  ၂၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့်လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ပြန်လည် ထူထောင်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ‌နိုင်ငံတော်မှ မောင်တောဒေသသို့ အနီးကပ် ကြီးကြပ် နိုင်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးနေဦး နှင့် တာ၀န်ရှိသူများ နှင့် အတူ ယနေ့ ညနေပိုင်းက လေဘေးကြောင့် ပျက်စီးခဲ့သော စာသင်ကျောင်းများအား ရှင်းလင်း‌ရေး ဆောင်ရွက်နေမှုများ အား မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့သည်။


အဆိုပါ ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဉက္ကဌ ဦးနေဦး  နှင့် တာ၀န်ရှိသူများနှင့်အတူ  မုန်တိုင်းကြောင့် လေဘေးသင့်ပြီး ပျက်စီးဆုံးရှုံး‌ခဲ့သော မောင်တောမြို့နယ်အတွင်း အင်းဒင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ခန်းများ ခေါင်မိုးလန် ပျက်စီး နေမှုအား တပ်မတော်သားများ ၊ မီးသတ်တပ်ဖွဲ့၀င်များ က ရှင်းလင်းရေး ဆောင်ရွက်နေမှုများအား  ကြည့်ရှုအား ပေးခဲ့ပြီး  စာသင်ကျောင်း နှင့် ဘုန်းတော်ကြီး ကျောင်းတွင် ခေါင်မိုးပြုပြင်နိုင်ရေးအတွက်  သွပ်ပြားများ ထောက်ပံ့ လှုဒါန်း ပေးအပ်ခဲ့သည်။ ယင်းနောက် မြိုယုကျေးရွာရှိ ယာယီ စာသင်ကျောင်း နှင့် ကျောက်ပန္ဒူကျေးရွာရှိ  အခြေခံပညာ အလယ် တန်း ကျောင်းခွဲ သို့ရောက်ရှိပြီး လေ‌ဘေးကြောင့် ပျက်စီးခဲ့သော စာသင်‌ဆောင် နှင့် စာသင်ခန်းများအား  ရှင်းလင်းနေမှု များအား လှည့်လည် ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းဖွင့် ကာလအတွင်း ကျောင်းများဖွင့်လှစ်နိုင်ရေး အမြန်ဆုံး ဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်း တာ၀န်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။


သက်လွင်စိုး ၊ အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)