စစ်တွေ၊ မင်းပြား၊ မြောက်ဦးတပ်နယ်တို့ရှိ နယ်မြေခံတပ်များအား ကြည့်ရှုစစ်ဆေး၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများအား စားသေက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများအား ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေ၊ မင်းပြား၊ မြောက်ဦးတပ်နယ်တို့ရှိ နယ်မြေခံတပ်များအား ကြည့်ရှုစစ်ဆေး၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများအား စားသေက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများအား ပေးအပ်


MNP ၊ မေ ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေ၊ မင်းပြား၊ မြောက်ဦးတပ်နယ်တို့ရှိ နယ်မြေခံတပ်များ သို့ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ သောက်သုံးရေလုံလောက်စွာရရှိရေးနှင့် စိုက်ပျိုး/ မွေးမြူရေး ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့် အဖွဲ့ဝင်များသည် မင်းပြားမြို့နှင့် မြောက်ဦးမြို့တို့ရှိ နယ်မြေခံတပ်ရင်းများမှ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားပြီး မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်(MMCA)နှင့် အလှူရှင်များမှ စုပေါင်းလှူဒါန်းမှုဖြင့် ချက်ပြုတ်ပေးပို့လှူဒါန်းသည့် ဒံပေါက်ထမင်းဘူး များ၊ စားသောက်ဖွယ်ရာပစ္စည်းများနှင့်   လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား/ ကျောင်းသူများနှင့် မိဘအုပ် ထိန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ကျောင်းသုံးလွယ်အိတ်နှင့်ကျောင်းသုံး ပစ္စည်းများထောက်ပံ့ပေးအပ်သည်။ ၎င်းနောက် မင်းပြားနှင့် မြောက်ဦးမြို့နယ်အတွင်း သောက်သုံးရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရေကြီးရေလျှံမှုများ  မဖြစ်ပေါ်စေရေးအတွက်  ရေနုတ်မြောင်းများ  တူးဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ လိုက်လံ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ချက်များအား လိုက်လံရှင်း လင်းပြသကြသည်။

အလားတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် တာဝန်ရှိသူများက စစ်တွေမြို့၊ နယ်မြေခံတပ်ရှိ သတ်မှတ်နေရာ၌ စတုဒီသာ ထမင်း/ဟင်းချက်ပြုတ်နေမှုများကို သွားရောက် ကြည့်ရှုအားပေးပြီး လုပ်ငန်းဆောင်ရွက် မှုများ အဆင်ပြေစေရန်အတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော မီးသတ်တပ်ဖွဲ့ဝင်များအား ဒံပေါက် ထမင်းဘူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)