MNP ၊ မေ ၃၀
၂၀၂၃ ခုနှစ် ဇွန်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင် မြို့တွင် ကျင်းပပြုလုပ်မည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲသို့ အားကစားနည်း (၁၄)မျိုးအနက်မှ ပါဝင်သော ကစားနည်း (၈)မျိုးဖြစ်သော ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံး၊ ဘော်လီဘော၊ မျက်မမြင်ဂိုးလ်ဘော၊ အလေးမ၊ စားပွဲတင်တင်းနစ်နှင့် မျက်မမြင် စစ်တုရင်ကစားနည်းတို့အား ပါဝင်ယှဉ်ပြိုင်ကြမည့် ကစားနည်းအလိုက်မှ မသန်စွမ်း အားကစားသမားများကို မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် လှမိုး က တွေ့ဆုံအမှာစကားပြောကြားသည်။
ထိုသို့တွေ့ဆုံအမှာစကားပြောကြားရာတွင် အားကစားနည်းအလိုက်မှ မသန်စွမ်း အားကစားသမားများကို ကျန်းမာရေး ဂရုစိုက်ရန်နှင့် ပါဝင်ယှဉ်ပြိုင်သွားမည့်အခြေအနေများ၊ ကစားသမားများ၏ လေ့ကျင့်ထားသည့် ကောင်းမွန်သော လက်ရှိ သတ်မှတ်စံချိန်များကို ထိန်းသိမ်းကာ အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်သွားစေလိုကြောင်း၊ နိုင်ငံတော်အကြီးအကဲ ကလည်း အားကစားကို အထူးအားပေးချီးမြှောက်ပေးနေတာကြောင့် ကစားသမားများ အနေဖြင့် မိမိနိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်အောင် အစွမ်းကုန်အားသွန်ခွန်စိုက် ကြိုးစား လုပ်ဆောင်စေလိုကြောင်း ပြောကြား၍ အားကစားသမားတစ်ဦးချင်းစီအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment