MNP ၊ မေ ၅
ရခိုင်ပြည်နယ် ၊ ရမ်းဗြဲမြို့၌ ၊၂၀၂၃ခုနှစ်၊မေလ(၅)ရက်နေ့တွင် ကျရောက်သည့်(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရှိ အစည်းအဝေး
ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ဘရွှေက၂၀၂၃ ခုနှစ်၊ မေလ(၅) ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မိန့်ခွန်းအားဖတ်ကြားခဲ့သည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးအန္တရယ်လုံခြုံရေး၊ သဘာဝဘေးအန္တရယ် လုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး စသည့်ရည်မှန်းချက်တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသည်ကို ဂုဏ်ပြုသည့် အခမ်းအနား ဖြစ်ကြောင်းသိရသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများကမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂက်စ်မီးလောင်မှုအား သရုပ်ပြ မီးငြိမ်းသတ်မှု ပြသခြင်းအား ကြည့်ရှု့ခဲ့
ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment