သထုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြို့နယ်အဆင့် စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြို့နယ်အဆင့် စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ






MNP ၊ မေ ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) နှင့် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း(Smart Village)တို့အတွက် မြို့နယ်အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာဝင်းစံက စီမံကိန်းဆောင်ရွက်နေကြသည့် ကျေးရွာအချင်းချင်း အပြန်အလှန်တွေ့ဆုံဆွေးနွေးခြင်းဖြင့် အားသာချက်အားနည်းချက်များကို ‌သိရှိနိုင်ကာ ပြုပြင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ကာ ယခုကဲ့သို့ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းတင်နွယ်က ကျေးရွာအလိုက် စီမံကိန်းအသီးသီးတို့မှ ကော်မတီဝင်များအနေဖြင့် မိမိတို့၏အခက်အခဲများ လိုအပ်ချက်များကို စေ့ငှသေချာစွာ စုပေါင်းသုံးသပ်ပြီး ပွင့်လင်းမြင်သာစွာ အကြံပြုဆွေးနွေးကြစေလိုကြောင်း အမှာစကားပြောကြားသည်။


ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်သွယ်ဦးက သထုံမြို့နယ်အတွင်း ဆောင်ရွက်နေသည့် စီမံကိန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေတို့ကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာကြသည့် ကျေးရွာအသီးသီးတို့မှ ကော်မတီဝင်များက စီမံကိန်းအလိုက် ရန်ပုံငွေထုတ်ချေးခြင်း၊ အတိုးရငွေများ စနစ်တကျ စာရင်းပြုစုခြင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များ၊ အခက်အခဲများကို အုပ်စုဖွဲ့ဆွေးနွေး၍ အဖွဲ့အလိုက်ပြန်လည်သုံးသပ်တင်ပြကြရာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ကဏ္ဍအလိုက် ပြန်လည်အသိပညာပေး ဆွေးနွေးခဲ့ကြသည်။


အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် သထုံမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) နှင့် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း(Smart Village) တို့ဆောင်ရွက်နေကြသည့် ကျေးရွာတို့မှ ကော်မတီဝင် ၄၀ ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


နဒီ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)