ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့မှုနှင့် ဆိပ်ခံဗောတံတားတည်ဆောက်ရေးလုပ်ငန်းပြီးစီးမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့မှုနှင့် ဆိပ်ခံဗောတံတားတည်ဆောက်ရေးလုပ်ငန်းပြီးစီးမှု ကြည့်ရှုစစ်ဆေး



MNP ၊ မေ ၂၅

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးသာကေတမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် သဘာဝဘေးအန္တရာယ်ကြောင့် ကျေးရွာအတွင်း ပျက်စီးခဲ့မှုကို ပြန်လည်ပြင်ဆင်နိုင်ရေးကြည့်ရှုစစ်ဆေး၍ ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ဆိပ်ခံဗောတံတားစီမံကိန်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကလေးငယ်များ တိုင်းရင်းသားဘာသာ အခက်အခဲကိုကျော်လွန်၍ ကျောင်းနေပျော်ပြီး ကျောင်းထွက်နှုန်းလျော့ကျစေရန်၊ တိုင်းရင်းသားဘာသာ သင်ကြားနည်းစနစ်များ ပိုမိုစနစ်ကျကောင်းမွန်လာစေရန်ရည်ရွယ်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားသင်ထောက်ကူ Teaching Assistant (TA) နှင့် တိုင်းရင်းသားဘာသာသင် Language Teacher (LT) ဆရာ ဆရာမများ မွမ်းမံသင်တန်း (၁/၂၀၂၃) တွင် တက်ရောက်နေ သည့် တိုင်းရင်းသား ဆရာ ဆရာမများကိုတွေ့ဆုံ၍ မြန်မာ့ပထဝီနိုင်ငံရေး၊ ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment