MNP ၊ မေ ၂၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတိုးမင်းထွန်း ဦးဆောင်သော အဖွဲ့ဝင် (၁၀)ဦးပါဝင် သည့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သည် ယမန်နေ့၊ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ နယ်အတွင်းရှိ မိုခါမုန်တိုင်းသင့်ဒေသများသို့ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ကုသမှုလုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေး/ကု ဝန်ထမ်းများနှင့်ပူးပေါင်းပါဝင်သည့်အဖွဲ့က မွေးမြူရေးတိရစ္ဆာန်များ၌ ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအား ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မုန်တိုင်းဒဏ်သင့်ခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရေပေါက်ချောင်းကျေးရွာ၌ မွေးမြူသူ(၃၉)ဦး ၏ မွေးမြူထားသော ကျွဲ၊ နွား(၁၅၆) ကောင်အား လည်ချောင်းကွဲရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး၊ နာမကျန်ဖြစ်ပွား လျက်ရှိသော နွား(၁၂) ကောင်ကို ဆေးကုသပေးခြင်း၊ အင်ဇုံပြင်ကျေးရွာမှ မွေးမြူသူ ၄၈ ဦး၏ ကျွဲ၊ နွား(၁၉၀)ကောင်အား ကာကွယ် ဆေးထိုးနှံပေးကာ နာမကျန်ဖြစ်နေသည့် နွား တစ်ကောင်အား ဆေးကုသပေးခဲ့သည်။
ဆက်လက်၍ကျန်ရှိနေသည့် မုန်တိုင်းသင့် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ် ဆေးကုသမှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment