ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းသင့်ဒေသခံပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းသင့်ဒေသခံပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေး




MNP ၊ မေ  ၂၅

   ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှ မိုခါမုန်တိုင်းသင့်ဒေသခံပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့၊ နံနက်ပိုင်းက နေအိမ်များလုံးဝပျက်စီးသွားသည့် ကျေးရွာ(၁၇)ရွာသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။


ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမောင်စံဝင်းနှင့်အဖွဲ့ ဝင်များက နေအိမ်လုံးဝပျက်စီးသွားသည့် ကျေးရွာ(၁၇)ရွာမှ အိမ်ထောင်စု(၃၇၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးနှင့် (၇)ရက်စာ ဆန်၊ ဆီ၊ ဆား၊ ငပိစသည့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)