သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသည့် တောင်ကိုရီးယားနိုင်ငံမှ Ms. LEE JUNG HEE အား ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသည့် တောင်ကိုရီးယားနိုင်ငံမှ Ms. LEE JUNG HEE အား ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်း







MNP ၊ မေ ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၃ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့သည့် Ms. LEE JUNG HEE အား ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားကို ၂၄-၅-၂၀၂၃ ရက်၊ ကိုရီးယားဒေသစံတော်ချိန်၊ နံနက် (၁၀:၃၀) နာရီတွင် မြန်မာသံရုံး၊ ဆိုးလ်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားတွင် မြန်မာသံအမတ်ကြီး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ချီးမြှင့်အပ်နှင်းခံရသည့် Ms. LEE JUNG HEE အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းခဲ့ပြီး ဘွဲ့တံဆိပ်လက်ခံရရှိသည့် Ms. LEE JUNG HEE က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ 

ယင်းအခမ်းအနားသို့ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဆရာတော် မိုတက်မှ ပါဝင်တက်ရောက်ခဲ့သည်။ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက ဆရာတော်မိုတက်နှင့် Ms. LEE JUNG HEE တို့အား မြန်မာ့ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)