မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး(၁)ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိစေ ရေးတောင်သူများနှင့်တွေ့ဆုံ၍အသိပညာပေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး(၁)ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိစေ ရေးတောင်သူများနှင့်တွေ့ဆုံ၍အသိပညာပေးဆွေးနွေး





MNP ၊ မေ  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ၂၀၂၃-၂၀၂၄၇ ခုနှစ် မိုးစပါး (၁) ဧက လျှင် (၁၀) တင်းနှုန်းပိုမိုထွက်ရှိစေရေးအတွက် တောင်သူများနှင့်တွေ့ဆုံအသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခံသည်။


အဆိုပါဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းမြေအသုံးချရေးအဖွဲ့လက်ထောက်ညွှန်ကြား ရေးမှူးဦးထင်ကျော်ဦးက (၁) ဧကလျှင် (၁၀) တင်းနှုန်းအထွက်တိုးပါကတောင်သူများအတွက် လည်းအကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း၊ အထွက်နှုန်းတိုးစေရေအတွက်သွင်းအားစုများထုတ် ပေးစေလိုကြောင်း၊ မျိုးကောင်းမျိုးသန့်များရှာဖွေပေးပြီးလိုအပ်သောနည်းပညာများဖြင့်လည်း ပံ့ပိုး ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမှုနည်းစနစ်များမှန်ကန်ပြီးတောင်သူများအနေဖြင့် ဂရုတစိုက်အားထည့်၍ စိုက်ပျိုးပေးစေလိုကြောင်း၊ တစ်ဧက (၁၀) တင်းနှုန်းပိုမိုတိုးတက်ရေးအတွက် မြေဆီလွှာပြု ပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊ မျိုးကောင်းမျိုးသန့်ပြောင်းလဲစိုက်ပျိုးသွားရန်၊ ဓာတ်မြေဩဇာများကိုစနစ်တကျထည့်သွင်းသုံးစွဲပေးရန်၊ ကြဲခင်းမှ စိုက်ခင်းသို့စိုက်စနစ်ပြောင်းလဲကြရန် အဖွင့်မှာ စကားပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်နှင့် မြို့နယ်စိုက်တိုးမြင့်အဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင် များက(၁) ဧကလျှင် (၁၀) တင်းနှုန်းအထွက်တိုးစေရေး၊ ဌာနအလိုက်ဆောင်ရွက်ပေးမည့်ကိစ္စများ နှင့်ပက်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် တက်ရောက်လာသည့် တောင်သူများမှသိရှိ လိုသည်များကို မေးမြန်းကြရာသက်ဆိုင်ရာဌာနမျာမှ တာဝန်ရှိသူများပြန်လည်ရှင်းလင်းပြောကြားခဲ့ သည်။


အဆိုပါဆွေးနွေးပွဲသို့ တိုင်းမြေသုံးချတာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်ကျော်ဦး၊ လက်ထောက်ဦးစီးမှူး ဦးထက်ဝေလင်း၊ ဒုတိယဦးစီးမှူး ဒေါ်တင်တင်ဝေ၊ ဒုတိယလက်ထောက်ဦးစီး မှူး ဒေါ်အိဇင်အောင်၊ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းလှိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးမောင်မောင်သွင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် တောင်သူလယ်သမားများ စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။


ရဲကိုမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)