မော်လမြိုင်ကျွန်းမြို့နယ်၌ အခြေခံပညာကျောင်းများအားလုံးကျောင်းအပ်နှံမှုစတင်လက်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်၌ အခြေခံပညာကျောင်းများအားလုံးကျောင်းအပ်နှံမှုစတင်လက်ခံ





MNP ၊ မေ  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး မေ ၂၃ ရက်နေ့နံနက် (၈) နာရီအချိန်က ကျောင်းအပ်နှံမှု စတင်လက်ခံနေပြီဖြစ်ကြောင်းသိရသည်။


၂၀၂၃-၂၀၂၄ ခုနှစ်ပညာသင်နှစ် ဆောင်ပုဒ်မှာ “ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဟုတိုက်တွန်းထားပြီး၊ ကျောင်းအပ်နှံရေးသီတင်းပတ်အနေဖြင့် မေလ (၂၃) ရက် နေ့မှ မေလ (၃၁) ရက်နေ့အထိသတ်မှတ်ထားရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ စည်းကားစွာလာရောက်အပ်နှံကြပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်းက လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။


ရဲကိုမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)