MNP ၊ မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်မလမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အပတ်စဉ်စနေနေ့တွင်တိုင်းတွင် မြို့နယ်သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၅ ရက်နေ့နံနက် (၇) နာရီအချိန်ကအမှတ် (၁၁) ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ အ.ထ.က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ အားတက်သရောဆောင်ရွက်လျက်ရှိကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်နှင့်ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများပူးပေါင်း၍ ချုံနွယ်ပေါင်းမြက်များရှင်းလင်းခြင်းနှင့် ရေးစီးရေလာကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများတူးဖော်ပေး ခြင်းတို့ကိုဆောင်ရွက်ပေးကြသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသီဟဇော်၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးမင်းလွင်၊ အဖွဲ့ဝင် (၂) ဦးစောဝဏ္ဏ၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွန်ကြားရေးမှူး ဦးမင်းဇော်၊ တာဝန်ရှိသူများက လိုက်လံကြည်ရှုအားပေးပြီး လိုအပ်သည်များမှားကြားခဲ့ကြောင်း သိရသည်။
ရဲကိုမောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment