ရွှေတောင် မြို့၌၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့၌၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိ






MNP ၊ မေ  ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ ရွှေတောင် မြို့ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို စတင်လက်ခံလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


အဆိုပါ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး မူလတန်း KGကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်(၁)စုံ၊  ခဲတံ(၄)ချောင်း၊ ကျောင်းဝတ်စုံ(၁)စုံGrade-5ကျောင်းသား၊ ကျောင်းသူများအတွက်  ဖတ်စာအုပ်(၁)စုံ၊ ကျောင်းသုံးဗလာစာအုပ်(၁)ဒါစင်၊ ခဲတံ(၄)ချောင်း၊ကျောင်းဝတ်စုံ(၁)စုံ၊Grade 6 မှ 9ထိ ဖတ်စာအုပ်(၁)စုံ၊ ကျောင်းသုံးဗလာစာအုပ်(၁)ဒါစင်၊ ဘောပင် ( ၂) ချောင်း၊ခဲတံ(၂)ချောင်း၊Grade 10- 12 ထိဖတ်စာအုပ်(၁)စုံ၊ ကျောင်းသုံးဗလာစာအုပ်(၁)ဒါစင်၊ ဘောပင် ( ၂) ချောင်း၊ခဲတံ(၂)ချောင်းကို အခမဲ့ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ရွှေတောင်မြို့နယ်အတွင်းအထက်တန်းကျောင်း ( ၉) ကျောင်း၊အထက ( ခွဲ)(၈) ကျောင်း၊အလကကျောင်း (၇)ကျောင်း၊အလက( ခွဲ) ( ၈)ကျောင်း၊မူလွန် ( ၁၆)ကျောင်း၊အမက ( ၁၃၀)ကျောင်း၊အမက( ခွဲ)(၁)ကျောင်း၊ကိုယ်ပိုင်ကျောင်း ( ၁)ကျောင်း စုစုပေါင်း ( ၁၈၀)ကျောင်း တို့တွင် ယနေ့အထိကျောင်းသား၊ ကျောင်းသူ ( ၁၂၅၁၈)ဦး ကျောင်းအပ်လက်ခံပြီးကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)