ကျောက်ဖြူမြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျနေသည့် သစ်ပင်များအား ခုတ်ထွင်ရှင်း လင်းခြင်းနှင့် အမိုးလန်ပျက်စီးသွားသည့် ကျောင်းများအား ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျနေသည့် သစ်ပင်များအား ခုတ်ထွင်ရှင်း လင်းခြင်းနှင့် အမိုးလန်ပျက်စီးသွားသည့် ကျောင်းများအား ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်





MNP ၊ မေ  ၂၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျနေသည့် သစ်ပင်များ အား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမိုးလန်ပျက်စီးသွားသည့် စာသင်ကျောင်းများအား ယနေ့ နံနက်ပိုင်း က တာဝန်ရှိသူများက ခုတ်ထွင်ရှင်းလင်းမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။ 


ထိုသို့ ဆောင်ရွက်ရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် ကျောက်ဖြူပညာရေးဒီဂရီကောလိပ်ရှိ စာသင်ဆောင်များနှင့် အဆောက်အဦများအား ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခြင်းများ လုပ်ဆောင် လျက်ရှိသည်။ ယင်းအပြင်  နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှလည်း ကျောက်ဖြူဘိုးဘွားရိပ်သာခြံဝန်းတွင် မိုခါမုန်တိုင်း ကြောင့် လဲကျနေသည့် သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်း ဖယ်ရှားပေးခြင်း၊ အမှိုက်များအား သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ ရရှိလာသည့်အမှိုက်များအား သတ်မှတ်နေရာများတွင် ထားရှိခြင်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ 


ကျောက်ဖြူမြို့တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ပြိုလဲပျက်စီးခဲ့သည့် ဓာတ်တိုင်များအား မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများက အချိန်မီပြုပြင်ဆောင်ရွက်ပေးခြင်း၊ လမ်းများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် လဲကျနေသည့် သစ်ပင်သစ်ကိုင်းများအား တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက အဆိုပါမုန်တိုင်းဝင်ရောက်ချိန်မှစ၍ အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဖယ်ရှားခြင်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)