ကျောက်ဆည်မြို့နယ်တွင် PDF အကြမ်းဖက်သမားများ၏ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် PDF အကြမ်းဖက်သမားများ၏ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ






MNP ၊ မေ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ပတ္တာကျေးရွာအုပ်စု၊ မြင်စိုင်းရပ်ကွက်၊ ဆင်ဖြူချပ်ဘုန်းတော်ကြီးကျောင်းဝင်း၊ ဝေဘူတောင်တန်းအောက်ခြေချိုင့်အတွင်းမှ ယမန်နေ့ နံနက်ပိုင်းက PDF အကြမ်းဖက်သမားများ၏ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဝေဘူတောင်တန်းအောက်ခြေချိုင့်အတွင်းမှ ဒိုင်းကာချပ်၂၇ချပ်၊ ကွန်ကျူးပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်သေနတ် ၁၄လက်၊ သံဖြင့်ပြုလုပ်ထားသော လက်လုပ်သေနတ် ၃လက်၊ မီးသတ်ဆေးဗူး၂၁ ဗူး၊ အနက်ရောင်ဖိုက်ဘာဦးထုပ် ၃၄ လုံး၊ လည်တိုဖိနပ် ၃၅ ရံ၊ ကျည်ကာအင်္ကျီ ၈၉ ထည်၊ ကျည်ကာပုံလောင်းအလိပ်   ၂ ခု၊ ကျည်ကာပြားပုံလောင်း ပုံစံခွက် ၁၂ ခု၊ ကျည်ကာပြား ၁၉ ချပ်၊ သံဘောစေ့ တစ်ထုပ်လျင် အလုံး၅၀ပါ ၁၇၅ ထုပ်၊ ရဲအင်္ကျီ ၂ ထည်၊ ကော်ပုံးဝါ ၂ ပုံး၊ မျက်မှန် ၁၁၀ ခု၊ ဓါတ်ငွေ့ကာမျက်မှန် ၁၀၁ ခု၊ လက်အိတ် ၅၀ ခု၊ ဂက်စ်ဗူး ၁၁ ဗူးတို့အား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)