“၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးမည့်အစီအစဉ်” - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးမည့်အစီအစဉ်”



မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာချက်


၁။        နိုင်ငံပိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တောင်သူလယ်သမား ဦးကြီးများသို့ စိုက်ပျိုးစရိတ် အရင်းအနှီးများရရှိစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ် ထုတ်ချေးပေးလျက်ရှိပါသည်။ တောင်သူလယ်သမားကြီးများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီ ပြန်လည်ပေးဆပ်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်နှင့်တောင်သူဦးကြီးများအကြား နှစ်ဦးနှစ်ဖက်တာဝန်ကျေပွန်စွာ ပူးပေါင်းဆောင် ရွက်ခဲ့ကြပါသည်။


၂။         စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေး ပေးလျက်ရှိရာ တောင်သူဦးကြီးများအနေဖြင့် အချိန်စေ့ချေးငွေပြေကျေမှသာ (ယခင်ကြွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးသော အခြား နှစ်တို၊ နှစ်လတ်ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိမည် ဖြစ်ပါသည်။


၃။        ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေ အရင်း၊ အတိုးများပါ ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူများသို့ မိုးရာသီစိုက်ပျိုးချိန်အမီ ၁၈-၅-၂၀၂၃ ရက်နေ့မှစတင်၍ ယခင်နှစ် နည်းတူ တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးပေးမည်ဖြစ်ပါသည်။


၄။        သို့ဖြစ်ပါ၍ ယခင်ချေးငွေများ ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူလယ်သမားဦးကြီးများအနေဖြင့် ၂၀၂၃ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/ မြို့နယ်ဘဏ်ခွဲများနှင့် အမြန်ဆုံး ဆက်သွယ်ကြရန်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။


မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)