ဇီးကုန်းမြို့နယ်၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်လှစ်




MNP ၊ မေ  ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌  ယနေ့နံနက်( ၉)နာရီက ဖွင့်လှစ်ခဲ့သည်။


အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုပူဇော်ဖွင့်လှစ်ခဲ့ပြီး အနန္တောအနန္တ(၅)ပါးပူဇော်၍  ငါးပါးသီလခံယူတည်ဆောက်ခဲ့ကြသည်။ ထို့နောက် နတ်တလင်းခရိုင်၌ သင်တန်းတက်ရောက်ခဲ့သော နည်းပြဆရာမ(၅)ဦးက အမျိုးသား၊ အမျိုးသမီး ရပ်လျက်/ထိုင်လျက်ရှိခိုးနည်း၊ ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ(၃)ပါး၊ (၃၈)ဖြာမင်္ဂလာပုံပြင်များ၊ ဘာသာရေး၊ စာရိတ္တ၊ ယဉ်ကျေးမှုများကို သင်ကြားပေးသွားမည်ဖြစ်သည်။


သင်တန်းသို့ ကလေးငယ် ၃၀ ဦးတက်ရောက်လျက် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းကာလမှာ မေလ ၁၇ ၊ ၁၈ နှစ်ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


တင့်ဆွေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)