ကွန်ဟိန်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ဟိန်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်





MNP ၊ မေ  ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဉက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်က အမှာစကားပြောကြားပြီး လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ သတ္တုနှင့်တွင်းထွက်ပစ္စည်းကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ လျှပ်စစ်ဓါတ်အားကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍ၊ စသည့်သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၏ စီမံကိန်းရည်မှန်းချက်တာဝန်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ လွဲပြောင်းပေးအပ်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးလက်ခံရယူကြကြောင်း သိရသည်။


ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သောင်းသောင်းအေးမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ကွန်ဟိန်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိသည့် ဒေသန္တရစီမံကိန်းရည်မှန်းချက် လုပ်ငန်းတာဝန်များအနေဖြင့် ပြည်ထောင်စုရန်ပုံငွေဖြင့် ရင်းနှီးမြှပ်နှံမည့်လုပ်ငန်းများအတွက် ကျပ်(၁၃၃၄၈.၆၉၉)သန်း၊ ပြည်နယ်ရန်ပုံငွေဖြင့် ရင်းနှီးမြှပ်နှံမည့်လုပ်ငန်းများအတွက် ကျပ်(၂၉၄၆.၃၇၄)သန်း စုစုပေါင်းရန်ပုံငွေကျပ်(၁၆၂၉၅.၀၇၃) သန်းဖြင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ သိရသည်။


ခွန်ရဲထွေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment