မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများ သံတွဲမြို့အတွင်း မိုးရာသီ၌‌ရေစီးရေလာကောင်းမွန်ရေးကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများ သံတွဲမြို့အတွင်း မိုးရာသီ၌‌ရေစီးရေလာကောင်းမွန်ရေးကွင်းဆင်းဆောင်ရွက်



MNP ၊ မေ  ၂၆

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦမျိုးချစ်၏ လမ်းညွှန်ချက်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ ၂ နာရီက သံတွဲမြို့အတွင်း မိုးရာသီ၌ ‌ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်ရေး အတွက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် အံတော်ကျေးရွာအုပ်စုနှင့် အမှတ်(၈)ရပ်ကွက်ရှိ သံတွဲ-တောင်ကုတ် လမ်းမကြီး ဘေးရှိ ‌ရေဝပ်သောနေရာများတွင် ရေနုတ်မြောင်များဖေါက်လုပ် နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်တာဝန်ရှိသူများသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့်အတူ အိမ်ပိုင်ရှင်များအား  ကွင်းဆင်းဆွေးနွေးပြောကြားပြီး စည်ပင်သာယာရေးအဖွဲ့မှ ရေနုတ်မြောင်း ဖေါက်လုပ်မည့်နေရာများအား သတ်မှတ်ပေးရန် မှာကြားခဲ့ကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment