ဘီလာရုဇ်နိုင်ငံကကုန်သွယ်ဖက်အချို့နှင့် ငွေစာရင်းရှင်းရာ၌ အမေရိကန်ဒေါ်လာနှင့်ယူရိုငွေကို ယခုနှစ်ကုန်တွင် အသုံးမပြုတော့ရန် စီစဉ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီလာရုဇ်နိုင်ငံကကုန်သွယ်ဖက်အချို့နှင့် ငွေစာရင်းရှင်းရာ၌ အမေရိကန်ဒေါ်လာနှင့်ယူရိုငွေကို ယခုနှစ်ကုန်တွင် အသုံးမပြုတော့ရန် စီစဉ်


မင့်စ်ခ်၊ မေ ၂၅ 

ဘီလာရုဇ်နိုင်ငံက ၂၀၂၃ ခုနှစ် နှစ်ကုန်တွင် ယူရေးရှား စီးပွားရေး သမဂ္ဂ အပါအဝင် အခြားနိုင်ငံများနှင့် ကုန်သွယ်မှု ငွေစာရင်းရှင်းရာ၌ အမေရိကန်ဒေါ်လာနှင့် ယူရိုငွေကို အသုံးမပြုတော့ရန် စီစဉ်ထားကြောင်း ဘီလာရုဇ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Nikolai Snopkovက မေ ၂၄ ရက် လွှတ်တော်တွင် ပြောကြားခဲ့သည်။ 

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် ငွေစာရင်းရှင်းရာတွင် အခက်အခဲများ ဖြစ်စေခဲ့ကြောင်း၊ လက်ရှိ ဘီလာရုဇ်နိုင်ငံ၏ ကုန်သွယ်ရေးတွင် အမေရိကန် ဒေါ်လာနှင့် ယူရိုငွေ အသုံးပြုမှု လျော့နည်းလာကြောင်း Nikolai Snopkov က ပြောသည်။ ဘီလာရုဇ်အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်းမှာပင် ယူရေးရှား စီးပွားရေးသမဂ္ဂ အပါအဝင် အခြားနိုင်ငံများနှင့် ကုန်သွယ်မှု ငွေစာရင်းရှင်းရာ၌ အမေရိကန်ဒေါ်လာနှင့်ယူရိုငွေကို အသုံးမပြုတော့ရန် ရည်မှန်းထားကြောင်း၊ လက်ရှိတွင် အဆိုပါကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှု ငွေစာရင်းရှင်းရာတွင် အမေရိကန်ဒေါ်လာနှင့်ယူရိုငွေပါဝင်မှုသည် ၈ ရာခိုင်နှုန်းခန့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ပြည်ပစီးပွားရေးလှုပ်ရှားမှုများ ငွေစာရင်းရှင်းရာတွင် ညှိနှိုင်းဆောင်ရွက်ရန် ဘီလာရုဇ်ဗဟိုဘဏ်က သီးခြားလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားပြီး ကုမ္ပဏီလုပ်ငန်းများ ပြည်ပကုန်သွယ်ရေး ငွေစာရင်းရှင်းမှုကို တတ်နိုင်သမျှ ကူညီဆောင်ရွက်လျက်ရှိကြောင်း Nikolai Snopkov က ပြောကြားခဲ့သည်။ 

ဘီလာရုဇ်၏ ယခုနှစ် ပထမသုံးလပတ်တွင် ကုန်စည်နှင့်ဝန်ဆောင်မှု ကုန်သွယ်ရေး တင်ပို့မှုသည် ၁၀ နှစ် နီးပါးအတွင်း အမြင့်ဆုံးစံချိန်ဖြစ်ခဲ့ရာ ပြည်ပကုန်သွယ်မှု ပိုငွေကို ထိန်းထားနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

ယူရေးရှား စီးပွားရေး သမဂ္ဂကို ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများတွင် ရုရှား ၊ ကာဇက်စတန်၊ ဘီလာရုဇ်၊ ကာဂျစ္စတန်နှင့်အာမေးနီးယား တို့ ပါဝင်ကြောင်း သိရသည်။ 


Ref - (ဆင်ဟွာ)

#MyanmarNationalPost

No comments:

Post a Comment