တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံနှင့် BRI ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံနှင့် BRI ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်မည်


ပေကျင်း၊ မေ ၂၅ 

တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) သည် နိုင်ငံများအားလုံး၏ ကွန်ရက်ချိတ်ဆက်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် ကတိပြုထားကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများအား အကျိုးကျေးဇူးများ ပိုမိုဆောင်ကြဉ်းပေးလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က မေ ၂၄ ရက်၌ ပြောကြားခဲ့သည်။ 

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုမှ ထင်သာမြင်သာရှိသော အကျိုးကျေးဇူးများ ရရှိခဲ့သည်ဟူသော ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်၏ မှတ်ချက်ကို မော်က နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံအား လမ်းများ၊ တံတားများနှင့် အခြားအခြေခံအဆောက်အအုံများ တည်ဆောက်ရန် ကူညီပေးလျက်ရှိပြီး တရုတ်နိုင်ငံက ကုန်ကြမ်းပစ္စည်းများ ပုံမှန်ပံ့ပိုးပေးမှုက ကမ္ဘောဒီးယား၏ ပြည်ပတင်ပို့မှုများနှင့် အလုပ်အကိုင် သန်းပေါင်းများစွာကို ဖန်တီးပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။ 

“တကယ်တော့ BRI က နိုင်ငံတွေအားလုံးရဲ့ ကွန်ရက်ချိတ်ဆက်မှုနဲ့ ဘုံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ဖို့ ကတိပြုထားပါတယ်” ဟု မော်က ပြောခဲ့သည်။ BRI သည် မည်သည့်နိုင်ငံကိုမျှ ပစ်မှတ်ထားခြင်းမရှိသလို မည်သည့်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဟန့်တားလိမ့်မည်မဟုတ်ကြောင်း တရုတ်နိုင်ငံ BRI အပေါ် ဟွန်ဆန်၏ မှတ်ချက်များကို ကိုးကား၍ မော်က ပြောကြားခဲ့သည်။


Ref - (ဆင်ဟွာ)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)