ပေါင်မြို့နယ် ၊ပြည်သူ့စာကြည့်တိုက်၊လူထုအခြေပြုဗဟိုဌာန၌စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် ၊ပြည်သူ့စာကြည့်တိုက်၊လူထုအခြေပြုဗဟိုဌာန၌စာဖတ်ဝိုင်းပြုလုပ်



MNP ၊ မေ  ၁၇

မွန်ပြည်နယ် ၊ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊(Community. Centre)ခန်းမ၌ယနေ့နံနက်(၁၀)နာရီကဝန်ထမ်းများလုပ်ငန်းခွင် အရည်အသွေး မြင့်မားစေရန်  မိမိတို့လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှရေးသားသည့် ရုံးလုပ်ငန်းလက်စွဲ စာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက်  ပေါင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မာလာအောင်က ရုံးလုပ်ငန်းလက်စွဲ အခန်း(၁၈၊၁၉)မှ GOS အသုံးပြုခြင်း၊GPMS-EDMS အသုံးပြုခြင်း ကိုလည်းကောင်း၊ဒေါ်အိအိခင် ရုပ်သံ -၃ ကရုံးလုပ်ငန်းလက်စွဲ  အခန်း(၂၀)မှအထွေထွေ စသည့်အခန်းကဏ္ဍများကိုဝန်ထမ်းများနှင့်အပြန်အလှန်ဆွေးနွေး ခဲ့ကြပါသည်။


ပေါင်မြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ လုပ်ငန်းခွင်အရည်အချင်းပြည့်ဝစေရန် ဝန်ထမ်း စာဖတ်ဝိုင်းများကို လစဉ်(၂)ကြိမ်ပြုလုပ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)