ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တာချီလိတ်လေယာဉ်ကွင်း ပြေးလမ်းတိုးချဲ့ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တာချီလိတ်လေယာဉ်ကွင်း ပြေးလမ်းတိုးချဲ့ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေး






MNP ၊ မေ  ၁၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် မေ(၁၅)ရက်နေ့ နံနက်(၆)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ လေယာဉ်ကွင်းလမ်း တိုးချဲ့ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လေယာဉ်ကွင်းတာဝန်ခံတစ်ဦးမှ လေယာဉ်ကွင်းဘေးနှစ်ဘက် တိုးချဲ့ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြောင်း သိရသည်။


အဆိုပါ တာချီလိတ်လေယာဉ်ကွင်းသည် လျာထားစီမံကိန်းလေယာဉ်ပြေးလမ်း (၇၀၅၀×၁၀၀)ပေအား ယခု(၇၀၅၀×၁၅၀)ပေကို ဘေးနှစ်ဘက်(၂၅၀)ပေစီ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာချီလိတ်မြို့ နဂါးနှစ်ကောင် ဆရာတော် အဂ္ဂမဟာသဒ္ဒန္တမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဓမ္မသီရိအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှု၍ ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းဆတ်ခရိုင်ရှိ မူလလေယာဉ်ကွင်းပြေးလမ်းအား ပေ(၁၀၀၀)တိုးချဲ့ခြင်းနှင့် ဘေးနှစ်ဘက်သို့ (၂၅)ပေစီ တိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းတာဝန်ခံအရာရှိ ဗိုလ်မှူးထင်လင်းဦးမှ လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့လုပ်ငန်း ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး လေယာဉ်ပြေးလမ်း တိုးချဲ့ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


မောင်မောင်သန်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)