မိုင်းဆတ်မြို့၌ နယ်လှည့်စာငှားလုပ်ငန်းနှင့် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ နယ်လှည့်စာငှားလုပ်ငန်းနှင့် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်




MNP ၊ မေ  ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ နယ်လှည့်စာငှားလုပ်ငန်းနှင့် အသိပညာပေးဟောပြာပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းဆတ်ခရိုင်ရုံးမှ ဦးစီးအရာရှိဒေါ်စန်းစန်းယဥ်က စာအုပ်စာပေကို အခြေခံအားဖြင့် တဒင်္ဂဖတ်ရန်စာအုပ်နှင့် တစ်သက်လုံးဖတ်ရန်စာအုပ်ဟူ၍ နှစ်မျိုးခွဲခြားထားကြောင်း၊ အသိအမြင်ဗဟုသုတကြွယ်ဝရန် စာများများဖတ်ရှုသင့်ကြောင်း၊ ပြည်သူ့စာကြည့်တိုက်တွင် သုတ၊ ရသစာအုပ်များစွာရှိကြောင်းနှင့် အခမဲ့လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။


ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်ပွင့်ဖြူက ပလပ်စတစ်သုံးစွဲမှုလျော့ချရေး၊ အသုံးပြုပြီးသည့် ပလပ်စတစ်များ စနစ်တကျစွန့်ပစ်ရေး၊ အသုံးပြုပြီးသည့် ပလပ်စတစ်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် မြို့သန့်ရှင်းသာယာလှပမှုကို ထိခိုက်ခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ်ပေါ်စေနိုင်ခြင်း စသည့်အကြောင်းအရာများ ဟောပြောကာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့သည်။


ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဓာတ်ပုံနှင့် နံရံကပ်စာစောင်များကို အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းမှ သင်တန်းသူများက လေ့လာကြည့်ရှုခဲ့ပြီး သုတ၊ ရသစာအုပ်စာစောင်များကို ငှားရမ်းခဲ့ကြရာ အသင်းဝင်မှတ်ပုံတင်၍ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။


မြင့်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment